I Got Marked By My Shadow Guard After Pretending To Be An Alpha
Follow
ယန်ပြည်ထောင်စု၏ ဒုတိယမင်းသား ယွီယန် (Yu Yan) သည် Alpha တစ်ယောက်အဖြစ် နှစ်ပေါင်းများစွာဟန်ဆောင်နေထိုင်လာခဲ့သည်။ သို့ရာတွင် မမျှော်လင့်ထားသော heat ကြောင့် သူသည် သူ၏ အရိပ်သက်တော်စောင့်နှင့်အိပ်မိသွားခဲ့သည်။
ပို၍ကံဆိုးသည်မှာ ထိန်းချုပ်ဆေးများကို ရေရှည်အသုံးပြုမှုကြောင့် သူ၏ ကြံ့ခိုင်မှုအခြေအနေကိုပျက်စီးစေသည့်အတွက်ကြောင့် heat cycle ကိုထိန်းချုပ်၍မရတော့ပေ။ သူ၏ heat ကာလတွင်ပုံမှန်ကူညီပေးရန် သူ၏ အရိပ်သက်တော်စောင့်ကို မေးရုံသာတတ်နိုင်တော့သည်။ သို့သော်ကံကောင်းသည်မှာ သူ၏အရိပ်သက်တော်စောင့်သည် အရမ်းသစ္စာရှိကာ နာခံမှုရှိပြီး သူပြောသမျှကိုလိုက်လုပ်ရန်ဝန်မလေးပေ။ သူ့အားကူညီရသည့်ကိစ္စနှင့်ပတ်သက်၍လည်း သူ၏အရိပ်သက်တော်စောင့်မှာ စိတ်အနှောင့်ယှက်ဖြစ်ခြင်းမရှိပါပေ။
သို့သော်လည်း အခြေအနေမှာ တဖြည်းဖြည်းနှင့် ထူးဆန်းလာခဲ့သည်။
အက်ကွဲနေသောအသံဖြင့် ကျိန်ဆဲနေသော ယွီယန် : “ထွက်သွားစမ်း!”
အရိပ်သက်တော်စောင့်မှာ သူ့အားသူ၏လက်မောင်းထဲတွင် ထွေးပွေ့ထားရင်း အပြစ်ကင်းသော မျက်လုံးများဖြင့် ကြည့်ကာ : “အရှင်က ကျွန်တော့်ကို ဘယ်ကနေ ထွက်သွားစေချင်တာလဲ။”
ယွီယန် : ……. QAQ
များမကြာမီတွင် ယန်ပြည်ထောင်စု၏ ဧကရာဇ်အသစ်မှာ ထီးနန်းတက်လာခဲ့သည်။ ဧကရာဇ်ငယ်လေးသည် အကြည့်ပေါင်းများစွာ၏ အောက်တွင် နဂါးပလ္လင်ပေါ်တွင် မတ်မတ်ထိုင်နေရင်း အန်လိုက် ––
သူတို့၏ ဧကရာဇ်မှာ ကိုယ်ဝန်လွယ်ထားရကြောင်းကို မှူးမတ်များ ရုတ်တရက် သိလိုက်ကြရလေတော့သည်။
Author Profile
Latest entries
2020September 27, 2023I Got Marked By My Shadow Guard After Pretending To Be An Alpha