18+

I Love You The Most In The World [Entertainment Circle]

5
Your Rating
I Love You The Most In The World [Entertainment Circle] 5 (2)
30
Comments
14 Users bookmarked This

လင်အန်းလန်တစ်ယောက် မှတ်ဉာဏ်‌တွေပျောက်ဆုံးသွားခဲ့သည်။သို့သော် ကံကောင်းစွာဖြင့် သူ့ကောင်လေးက ဒါကိုစိတ်ထဲမထားဘဲ သူ့ကို ကြင်ကြင်နာနာဆက်ဆံဆဲ၊ အလိုက်လိုက်ဆဲ၊ ဖူးဖူးမှုတ်နေဆဲပင်။

ထို့ကြောင့် လင်အန်းလန်လည်း စိတ်သက်သာရာရသွားခဲ့သည်။သို့ပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ကျောင်းသားဘဝကနေစလို့ နာမည်ကြီး celebrity တစ်ယောက်ဖြစ်လာချိန်အထိဓာတ်ပုံတွေပါသောအယ်လ်ဘမ်တစ်ခုကို နှစ်ယောက်အတူနေသည့်အိမ်ထဲတွင်တွေ့ခဲ့ရသည်။

နောက်ဆုံးဓာတ်ပုံ၏ကျောဘက်တွင် မင်အနက်‌ရောင်ဖျော့ဖျော့နှင့်ရေးထားသည်က – ငါ သူ့ကိုလိုချင်တယ်။

* ချန်ယွိက လင်အန်းလန်ကို ၈ နှစ်တိတိ သဘောကျခဲ့သည်။သူ အန်းလန်ကိုလိုချင်ပေမဲ့လည်း အလျင်စလိုမလုပ်ရဲခဲ့။ *

* ထိုနေ့မတိုင်ခင်အထိ… သူ့အိမ်ပြတင်းတံခါးကို မိုးတွေလေတွေတိုက်ခတ်နေချိန်မှာ အိမ်တံခါးခေါက်သံကိုကြားလိုက်ရသည်။ သူထွက်ကြည့်လိုက်တော့ အဝတ်စားတွေစိုရွှဲနေသော လင်အန်းလန်ကိုတွေ့လိုက်ရ၏။သူ့ရဲ့မင်နက်ရောင်ဆံပင်တွေကလည်း စိုစွတ်နေလေသည်။ထိုပုံစံလေးက သူ့နှုတ်ခမ်းတစ်စုံကို လမိုက်ညထဲကနှင်းဆီတစ်ပွင့်လို ပိုပြီးနူးညံ့နေသယောင်ထင်ရစေ၏။

“ကျွန်တော် ဒီမှာနေတာလား။” သူက မေးလာသည်။
ချန်ယွိ ဘာမှပြန်မဖြေခဲ့။

လင်အန်းလန်က မျက်မှောင်ကြုတ်လိုက်ပြီး ဇဝေဇဝါဖြစ်ကာ ဘာမှမသိသလိုပုံစံဖြင့် “တောင်းပန်ပါတယ်။ ကျွန်တော် ကိစ္စတချို့ကိုမမှတ်မိတော့လို့ပါ၊ ခင်ဗျားက ကျွန်တော့်ကောင်လေးလားဆိုတာ မေးလို့ရမလား၊ပြီးတော့ ကျွန်တော်က ဒီမှာနေတာလား”

ချန်ယွိကတော့ စိတ်ထဲမှာ အလွန်အမင်းအံ့ဩသွားပေမဲ့ အသာပြုံးပြီး လင်အန်းလန်ကို အိမ်ထဲခေါ်လာခဲ့လိုက်သည်။ သူ့လေသံကလည်း တကယ့်ရည်းစားတွေလို နူးညံ့ညင်သာနေ၏။

“အင်း။” သူ ဆက်ပြောလိုက်သည်။ “ပြန်လာတာနောက်ကျလိုက်တာ မိန်းမရာ။”

ဒီကမ္ဘာပေါ်မှာ ကိုယ်မင်းကိုအချစ်ဆုံးပဲ။ အရင်ကရော၊ အခုရော၊ နောင်အနာဂတ်မှာရော…

*****

Aurora Novel Translation Team

Update Schedule – Monday to Saturday

Genre(s)