Lets Fall In Love
စာမေးပွဲကြီး ပြီးဆုံးသွားသည်နှင့်အတူ ‘ရွှီကျစ်’မှာ ‘ရွေ့ကျွင်း’အထက်တန်းကျောင်း၏ အကျော်ကြားဆုံးသောနာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါသည့်တိုင် မထင်မှတ်ထားမိသည်မှာလည်း တစ်ချိန်တစ်ပြိုင်နက်တည်းဆိုသလို ချစ်မှုရေးရာကိစ္စလေးပါ ဆုံးရှုံးလိုက်ရ၏။ သို့သော်ငြား သည်တစ်နှစ်၏နွေရာသီ၌ပင် ရုပ်ချောချော မာနကြီးကြီး အဆိုးအပေလေး ‘ချန်လုကျိုး’ နှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။
‘ရွှီကျစ်’တစ်ယောက်၏စိတ်ထဲတွင် ‘ချန်လုကျိုး’ဆိုသည်မှာ သဘောမနှောကောင်း၍ကြင်နာတတ်သည့်သူ ၊ သို့သော် ‘ရွှီကျစ်’တစ်ယောက်၏အမြင်ကြောင့် သူငယ်ချင်းအပေါင်းအပါများ ဆွံ့အကြောင်အမ်းကြသည်မှာလည်းမမှား ၊ ‘ချန်လုကျိုး’မှာကား အဆိုးတကာ့ထိပ်ခေါင်ကြီးပင် မဟုတ်လား။
‘ချန်လုကျိုး’တစ်ယောက်၏အမြင်တွင်တော့ ‘ရွှီကျစ်’ မှာ သူ့ကို လိုက်ပိုးပန်းချင်နေသည့်သူ။ ထိုအထင်အမြင်ကြီးကြောင့်လည်း သူငယ်ချင်းအပေါင်းအပါများ ဆွံ့အကြောင်အမ်းရသည်မှာ နောက်ထပ်တစ်ကြိမ် ၊ ‘ရွှီကျစ်’ထံတွင် ရည်းစားကောင်လေး ရှိနှင့်ပြီးသားပင် မဟုတ်လား။
ရွှီကျစ် ; “ငါ့အထင်တော့လေ သူက နှစ်ပေါင်းစွာပျောက်ဆုံးနေခဲ့တဲ့ ‘ငါ့အစ်ကို’တောင် ဖြစ်ရင်ဖြစ်နေလောက်တယ်”
ချန်လုကျိုး ; “ငါလည်း ဘယ်သိပါ့မလဲ ၊ မင်းမေငါ-ူး ငါကိုယ်တိုင်လည်း အရမ်းစိတ်ရှုပ်နေတာပါကွာ….ရည်းစားကောင်လေးရှိနေရဲ့သားနဲ့”
‘ချန်လုကျိုး’၏ဖြစ်တည်မှုသည် သခင်ငယ်လေးတစ်ယောက်ဟု သတ်မှတ်၍ရပြီး နံဘေးနားတွင်လည်း ပြောမနာဆိုမနာသူငယ်ချင်းတစ်သိုက်က အမြဲတဝဲလည်လည် ၊ ‘ရွှီကျစ်’သည်ပင် သူ့ပြောမနာဆိုမနာသူငယ်ချင်းတစ်သိုက်ထဲမှ တစ်ယောက်ဟု ဆိုရမည်။
သခင်လေး’ချန်လုကျိုး’မှာ ‘ရွှီကျစ်’အတွက် ညသန်းခေါင်အချိန်ကြီး၌ ညလယ်စာပင် ဝယ်ပေးလင့်ကစား ၊ သူမနှင့်နှစ်ကိုယ်တည်းရုပ်ရှင်ကြည့်ဖို့ရာ ရုပ်ရှင်ရုံတစ်ခုလုံး သီးသန့်ငှားထားလင့်ကစား ၊ သခင်လေးတစ်ယောက် အမြဲတမ်းပြောထွက်လာသည်မှာ ; ‘သူငယ်ချင်းပါပဲ’ ဟူ၍။
‘ရွှီကျစ်’ကိုယ်တိုင်မှာလည်း အလွန်အမင်းထိန်းသိမ်းထားခဲ့ကာ ဘယ်တော့အခါမှ ခြေတစ်လှမ်း စည်းကျော်ခဲ့ခြင်းမရှိ။ နောက်တွင်တော့ စည်းကျော်လာခဲ့သည့်သူမှာ သူမကိုယ်တိုင် မဟုတ်ပါဘဲ ‘ချန်လုကျိုး’ ဖြစ်နေသည့်အခါတွင်တော့ ‘ရွှီကျစ်’ စိတ်ရှုပ်ထွေးသွားရတော့၏။ သူမဘက်မှ ‘ချန်လုကျိုး’နှင့် ခပ်ကင်းကင်းနေရကောင်းနိုးနိုး တွေဝေနေနှင့်ရုံလေးအတွင်း၌တင် ‘ချန်လုကျိုး’မှာ သူမနှင့်တက္ကသိုလ်တစ်ခုတည်းဆီသို့ ရောက်လာခဲ့တော့သည်။
အခန်းဖော်အစ်မတစ်ဦးမှာ မေးလာ၏ ;
“ဒီကောင်ချောလေးက ဘယ်သူများလဲနော်”
ရွှီကျစ် ; “သူငယ်ချင်း”
ချန်လုကျိုးမှာ သော့တစ်ခုအား ရွှီကျစ် လက်ထဲသို့ထည့်ပေးလိုက်၍ ;
“အင်း….ကားသော့လက်ဆောင်ပေးတဲ့သူငယ်ချင်းမျိုး”
ရွှီကျစ် ; “….”
အခန်းဖော်မှာ ဆွံအသွားရသည့်အပြင် အနံ့အသက်မျိုးစုံကိုပါ တစ်ခါတည်းခံစားမိလိုက်ရသည်။
ရွှီကျစ် ; “စက်ဘီးစုတ်တစ်စီးလောက်နဲ့များ မသဲမကွဲလာမပြောနဲ့ ၊ ငါ နင့်ကို ပိုက်ဆံမပေးလို့လား”
“ငါ စက်ဘီးစီးတတ်ပြီးကတည်းက မိန်းကလေးတွေနဲ့ ဘယ်လိုကင်းအောင်နေရမယ်မှန်း သိပြီးသား ၊ ငါကဖြင့် အဲ့လောက်ထိဖြူစင်တဲ့ယောက်ျားမျိုးပါနော်….မသဲမကွဲတာက မင်းနဲ့ နှစ်လနီးပါးဆိုတော့….”
‘ချန်လုကျိုး’သည် အိတ်ကပ်နှစ်ဖက်ထဲသို့ လက်ထည့်ထားရင်း တံခါးဝဆီသို့ မေးငေါ့ပြလာ၏။ တံခါးဝတွင် သူ ပြောင်လက်နေအောင်တိုက်ချွတ်ထားသည့် ရွှေရောင်စက်ဘီးတစ်စင်း ၊ နောက်တွင် သူမ၏နားရွက်ဖျားနားသို့ ကပ်၍ ;
“မင်းရဲ့ပိုက်ဆံကို လက်ခံထားသင့်တယ်မလား”
– အေးတိအေးစက်အဆိုးအပေကောင်လေး × ခပ်မိုက်မိုက်ကောင်မလေး
– ချန်လုကျိုး × ရွှီကျစ်