NEW

နှောင်းတစ်ခေတ်က ကျေးလက်ဘဝ

4.6
Your Rating
နှောင်းတစ်ခေတ်က ကျေးလက်ဘဝ 4.6 (5)
623
Comments
5 Users bookmarked This

 

နှောင်းတစ်ခေတ်က ကျေးလက်ဘဝ

(Ancient Rural Life: Farming and Raising Children)

Genre: Drama,Fantasy, Historial Romance, Slice of Life

Author:  随云溪

Status in COO: Completed in English

Chapters: 281

Translator – OrchidSarPay & Anola

Synopsis

လက်တွေ့ဘဝကိုနောက်ခံထားပြီး လူတစ်ယောက်ရဲ့ လောကသေးသေးလေးကို ပုံဖော်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်။

စန်းလော့က အတိတ်ကို ပြန်ကူးပြောင်းသွားတာ ကိုယ့်ဟာကို ပြန်သိလိုက်ရပြီး ပိန်ချုံးချိနဲ့နေတဲ့ကလေးနှစ်ယောက်နဲ့ သူ့ဘဝကို ယိုင်နဲ့နဲ့တဲအိမ်တစ်ခုထဲကနေ ပြန်စခဲ့ရတယ်။

ဆင်းရဲတာက ကြောက်စရာမဟုတ်သလို မုဆိုးမဖြစ်သွားတာကလည်း မဆိုးသေးပါဘူး။ ဘဝမှာ ဒုတိယအခွင့်အရေးရတာထက် ဘာက ပိုပြီးကံကောင်းနိုင်အုံးမှာလဲ။

စားစရာမရှိဘူးပေါ့။ စန်းလော့က စိတ်ပျက်အားလျော့နေမှာမဟုတ်ပါဘူး။ ခြေလက်နဲ့ အလိုရှိသလိုသုံးနိုင်တဲ့ ကျယ်ပြောတဲ့တောင်တန်းတွေ ရှိနေတာပဲ။ ငတ်မသေဖို့ ဆုံးဖြတ်ထားလိုက်တယ်။ အင်္ကျီလက်ကို ခေါက်တင်ပြီး ရှေ့ကစိန်ခေါ်မှာတွေကို ဖြေရှင်းဖို့ အသင့်ပြင်လိုက်တယ်။

__ ရှန်းလီ။ ဦးလေးဖြစ်သူက စစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ အတင်းလွှတ်ခံလိုက်ရတဲ့သူက နှစ်နှစ်ကျော်မှ ရွာကို ပြန်ရောက်လာတော့ ရွာသားတွေကို သူ့ကို အသက်ရှင်လျက် မြင်လိုက်ရလို့ အထိတ်တလန့်ဖြစ်ကုန်ကြတယ်။

စုံစမ်းကြည့်လိုက်တော့ သူက ‘သေသွားပြီ’ဆိုတဲ့အပြင် တခါမှမမြင်ဖူးတဲ့မိန်းမတစ်ယောက်ကိုလည်း ရထားတာကို သိလိုက်ရတယ်။ အဲဒါထက် သူ့မိန်းမနဲ့ သူ့ရဲ့ညီဖြစ်သူနဲ့ ညီမဖြစ်သူတို့အားလုံးက သူ့တတိယဦးလေးနဲ့ အဒေါ်တို့ရဲ့ မောင်းထုတ်တာခံလိုက်ရတယ်တဲ့။ သူတို့တွေက ရှန်းမိသားစု နှင်ထုတ်ခံလိုက်ရတဲ့နေရာ တောင်ပေါ်မှာ လက်ဖြစ်တဲလေးတစ်လုံးနဲ့ နေခဲ့ရတယ်။

ယိုင်နဲ့နဲ့တဲ့အိမ်တစ်လုံးက လေထန်ပြီး ဆီးနှင်းထူထပ်တဲ့နေ့မျိုးတွေမှာ လူတွေကိုတောင် သေစေနိုင်တယ်မလား။

သူ့မှာ အိမ်ပြန်ပြီး သူ့ဦးလေးကို မေးခွန်းထုတ်ဖို့ စိတ်ထဲမထားနိုင်တော့ဘူး။ ဒေါသတွေကို မျိုသိပ်ပြီး တောင်ပေါ်ကို မြန်မြန်တက်လာခဲ့လိုက်တယ်။ လေထန်ပြီးနှင်းတွေကျနေတဲ့အချိန် တဲအိမ်လေးရှေ့ကို သူရောက်သွားတဲ့အချိန်မှာ ဒီနေရာက သူနေခဲ့တဲ့နေရာမှ ဟုတ်ရဲ့လားလို့ မမှတ်မိနိုင်အောင် ဖြစ်သွားခဲ့တယ်။

ဒါက သူထင်ထားတာနဲ့ နည်းနည်းတော့ ကွာခြားနေတာပဲ….။

တဲအိမ်က လုံးဝကို အသစ်ပြန်ပြင်ထားပြီး အရင်က ယိုင်နဲ့နဲ့ပုံစံ လုံးဝမဟုတ်တော့ဘူး။ အိမ်အပြင်ဘက်မှာ မြင့်မားတဲ့ခြံဝင်းတံတိုင်းတစ်ခုကို အဝါရောင်ရွှံ့တွေနဲ့ ဆောက်ထားပြီး ခြံဝင်းထဲမှာ အပြင်ထုတ်ထားတဲ့ မီးဖိုဆောင်နောက်တစ်ခုကို ဆောက်ထားတယ်။ ညစာစားချိန်မလို့ မိန်းမငယ်လေးတစ်ယောက်က အငွေ့တထောင်းထောင်းထနေတဲ့ အစားအသောက်ပန်းကန်လုံးတစ်ခုကို ကိုင်ပြီး မီးဖိုဆောင်ထဲနေ ထွက်လာပြီး သူ့နောက်မှာတော့ ထမင်းနဲ့ တူတွေဇွန်းတွေသယ်ထားတဲ့ ကလေးနှစ်ယောက်က လိုက်ထွက်လာခဲ့တယ်။ ရှန်းလီကို မြင်လိုက်ရတဲ့အချိန်မှာ ကလေးနှစ်ယောက်ရဲ့မျက်လုံးတွေက ဝိုင်းစက်သွားပြီး ဝမ်းသာအားရအော်သံတစ်ခုနဲ့ သူ့ဆီကို ပြေးထွက်သွားလိုက်ကြတယ်။

စန်းလော့: ဘာဖြစ်တာလဲ။

ကောင်းကင်ပေါ်က ကျလားတဲ့ ခင်ပွန်းတစ်ယောက်ကို ဘယ်လိုရင်ဆိုင်ရမှာတဲ့လဲ။ လိုင်းပေါ်မှာ အရေးပေါ်အကြံပြုချက်တွေကို စောင့်ဆိုင်းနေပါပြီနော်။

. . .

🍃

 

 

Genre(s)