Chapter 23.1
တနင်္လာနေ့ဝယ်…..
ကျောင်းသားအုပ်စုလိုက်က အတန်းထဲသို့ စောစီးစွာရောက်လာကြသည်။ အားလုံးက အိမ်စာများနှင့်ပိနေကြ၏။
လီရှောက်ကျိုက နောက်ဘက်ရှိ စားပွဲခုံအလွတ်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် နောင်တရစွာနှင့် သက်ပြင်းချလိုက်သည်။ “အတန်းခေါင်းဆောင်က ဘာလို့ မလာသေးတာလဲ။”
အကယ်၍ အတန်းခေါင်းဆောင်သာ အိမ်စာတွေမယူရင်ကောင်းမည်။ သူ့မှာ အိမ်စာကူးချိန်ပင်မရှိတော့ပါ။
လီရှောက်ကျိုကနောက်လှည့်ပြီး ဟိုသည်ကြည့်ကာ “မင်းတို့ထဲက ဘယ်သူ ရူပဗေဒအိမ်စာပြီးပြီလဲ။”
ကျောင်းသားလေးတစ်ယောက်က စာရွက်လွတ်ကိုထောင်ပြပြီး မျက်ခုံးပင့်ကာပြောလိုက်သည်။ “ငါလည်း အဲ့ဒါကို မေးတော့မလို့။”
ချောင်လဲ့ကျီက ခဏလောက်ရပ်နေပြီး ခေါင်းမော့ကာမေးလိုက်သည်။ “နင် ငါ့ဆီကကူးရဲတာ သေချာလား။”
“…” သေချာပေါက် မကူးရဲဘူးပေါ့။
ဒီလိုကအလုပ်မဖြစ်တော့ နောက်တစ်ယောက်ဆီလှည့်သွားသည်။
ကျန်းမေ့အာ အတန်းထဲဝင်လာလာချင်းမှာ လီရှောက်ကျိုတစ်ယောက် အိမ်စာစာအုပ်လိုက်ငှားနေတာကို ကြားလိုက်ရသည်။
လီရှောက်ကျို : “ကျန်းမေ့အာ နင်ရော ဘယ်လိုလဲ။”
ကျန်းမေ့အာက စာအုပ်ကို စားပွဲပေါ်တင်လိုက်ကာ “မမေးနဲ့။ မေးနေရင် မပြီးဘဲနေမယ်။ ဒီရူပဗေဒက ရိုးရိုးရှင်းရှင်းကြီးကို လူသားတွေရဲ့ သင်ကြားနိုင်စွမ်းကို ဆန့်ကျင်နေတာ။”
လီရှောက်ကျိုက နှုတ်ခမ်းတစ်ဖက်တွန့်ကာ ပြုံးရင်း “ဟုတ်တယ်နော်..။ ဒါက ခက်တယ်မလား။”
“ခက်လားမခက်လားကတော့ ရူပဗေဒမသင်ခင်နဲ့ သင်ပြီးမှာ Planck ကိုသာကြည့်လိုက်တော့။ ရူပဗေဒ ဘယ်လောက်ခက်လဲ နားလည်သွားလိမ့်မယ်။” ကျန်းမေ့အာက ရူပဗေဒလေ့ကျင့်ခန်းစာအုပ်ကို ဖွင့်လိုက်သည်။ စာအုပ်ထဲတွင် ဖျက်ရာပြင်ရာများနှင့် ရှုပ်ပွနေသည်။
[ t/n : Max Planck သီအိုရီပိုင်းဆိုင်ရာ ဂျာမန်ရူပဗေဒပညာရှင်ပါ။ သူက Planck Unit လို့ခေါ်တဲ့ စွမ်းအင်အတိုင်းအတာကို ရှာတွေ့ခဲ့သူပါ ]
လီရှောက်ကျိုက သူ့ခေါင်းသူ စိတ်ပျက်လက်ပျက်နှင့်ဖွလိုက်သည်။
သူက ရူပဗေဒမေးခွန်းတွေကိုလည်း မတွက်လာသည့်အပြင် စာတွေကိုလည်း ပြန်မကြည့်တာကြောင့် ဒီမေးခွန်းတွေ ဘယ်လောက်ခက်သလဲဆိုသည်ကိုမသိပေ။
သူသိတာတစ်ခုကတော့ တစ်ယောက်ယောက်ဆီမှ အိမ်စာအမြန်ကူးဖို့ကိုပင်။
လီရှောက်ကျိုက အလွန်ပျင်းရိနေပြီး ရှေ့တန်းသို့သွားလည်ကာ သားကောင်ဖမ်းရန် ကြိုးစားနေသည်။
ရုတ်တရက် ကြက်တောင်စည်းနှင့်ကောင်မလေးတစ်ယောက် သူ့နားကဖြတ်သွားသည်။ သူသေချာစိုက်ကြည့်လိုက်ပြီး ကောင်မလေးကို လက်ဆန့်၍တားလိုက်သည်။ “ကျောင်းသူလေး။ အတန်းမှားလာတာလား။”
အခုမှ အတန်းထဲဝင်လာသည့် ယွီကျီရီ : ? ? ?
သူ(မ)က အတန်းတစ်ဝိုက်ကို မသင်္ကာစွာ တစ်ချက်ကြည့်လိုက်ပြီး သူ(မ)အတန်းမမှားကြောင်း သေချာစေလိုက်သည်။
“လီရှောက်ကျိုရေ ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါဦး။”
“ဒီအသံကို ကြားဖူးသလိုပဲ။”
လီရှောက်ကျိုသည် သူ့ရှေ့မှကောင်မလေးကို မယုံနိုင်စွာ ကြည့်လိုက်သည်။
ကောင်မလေးတွင် စံသတ်မှတ်ထားသည့် ဘဲဥပုံမျက်နှာပုံစံရှိသည်။ အသားရောင်က ပန်းရောင်ဖျော့ဖျော့ပြေးနေပြီး မျက်နှာကျက အချိုးစားကျနလှသည်။ မျက်တောင်များက ရှည်လျားကော့ညွတ်နေပြီး မျက်လုံးနက်တစ်စုံက ဝိုင်းစက်တောက်ပနေသည်မှာ မျက်လုံးများက စကားပြောနေသလိုပင်။
လီရှောက်ကျိုက ဒီလို နူးညံ့ပြီး ချစ်စရာကောင်းသည့်ကောင်မလေးကို ရင်းနှီးနေသလို ခံစားနေရသည်။
လီရှောက်ကျိုက သူ့ခေါင်းသူရိုက်လိုက်ကာ ရုတ်တရက် သတိထားမိသွားသည်။ “နင် ယွီကျီရီမလား။”
“ဟုတ်တယ်လေ။ မင်္ဂလာနံနက်ခင်းပါနော်။” သူ(မ)က သူ(မ)ရဲ့ ပုံသဏ္ဌာန်အစစ်ကို တည်တည်ငြိမ်ငြိမ်အတည်ပြုပေးခဲ့ပြီး နှုတ်ဆက်လိုက်သည်။
လီရှောက်ကျိုတစ်ယောက် ငေးငိုင်သွားတော့သည်။ “နင်က အရမ်း ကြည့်ကောင်းတာပဲ။”
သူ့ရဲ့အသံကျယ်ကျယ်က သူ့နောက်မှ ကျောင်းသားအားလုံးကို ဆွဲဆောင်လိုက်သလိုဖြစ်သွားသည်။
ယွီကျီရီ အတန်းထဲကိုစရောက်တုန်းက နှာခေါင်းစည်းတပ်ထားခဲ့ပြီး လူတိုင်းက သူ့(မ)မျက်နှာကိုကြည့်ရန် အခွင့်ရေးကိုရှာခဲ့ပေမဲ့ တစ်စွန်းတစ်စလေးတောင် မမြင်ခဲ့ကြပေ။ လူတိုင်းက သူ(မ) အရမ်းကြည့်ကောင်းနေလို့ မဟုတ်လျှင် အရမ်းရုပ်ဆိုးလွန်းလို့ဟု တိတ်တဆိတ်နွေးနွေးခဲ့ကြသည်။
သူ(မ)က ရှီရီနှင့်အမျိုးတော်တာကြောင့် လူတိုင်းက သူ(မ)ရဲ့ ပုံပန်းသွင်ပြင်အပေါ် မျှော်လင့်ထားခဲ့ကြသည်။
မမျှော်လင့်စွာပင် သူတို့အထင်တွေကို ပြောင်းပြန်မလှန်မိပေ။
လူတချို့က သိသိသာသာကို ကြားလိုက်ကြပေမဲ့ သူတို့ကိုယ်သူတို့ဆန့်ကျင်ပြီး မေးခွန်းထုတ်နေကြသည်။ “နင်က တကယ်ပဲ ယွီကျီရီလား။”
ယွီကျီရီက လက်ချောင်းများကို စိတ်လှုပ်ရှားစွာ ကစားနေရင်း “ဟုတ်တယ်…”
သူ(မ)နားတွင် လူတွေ တစ်ယောက်ပြီးတစ်ယောက် ဝိုင်းအုံလာကြသည်။ “ဝိုး။ နင်က အရမ်းကြည့်ကောင်းတာပဲ။ အရင်က ဘာလို့ နှာခေါင်းစည်းကြီးတပ်ထားတာလဲဟ။”
“နင်က အရမ်းကြည့်ကောင်းနေလို့ တမင်တကာ နှာခေါင်းစည်းတပ်ထားတာမလား။”
ကြည့်ကောင်းတာနှင့် နှာခေါင်းစည်းကြား ဘယ်လို ဆက်စပ်မှုမျိုးရှိသလဲလေ…။
သူ(မ)က မျက်နှာကို ရည်ရွယ်ချက်ရှိရှိ ဖုံးထားတာမဟုတ်ပါ။ ခွဲစိတ်ပြီးခါစမှာ အရေပြားက အလွန် အထိမခံပေ။ သူ(မ)က အိမ်မှာတောင် ရက်အတန်ကြာထိ လေတိုက်ခံလို့မရပေ။
နောက်တော့ တဖြည်းဖြည်း သက်သာလာတာကြောင့် အတန်းတက်ရန် ကျောင်းပြန်လာခဲ့ခြင်းဖြစ်သည်။ သူ(မ)က သူ(မ)ရဲ့အရေပြားကို နေ၊ လေတို့နှင့် တိုက်ရိုက်မထိတွေ့ရဲတာကြောင့် မျက်နှာကိုကာကွယ်ရန် နှာခေါင်းစည်းတပ်ခဲ့ခြင်းသာ။
အဖြစ်ပျက်က ဒီလိုပင်။
သူ(မ)က ခါတိုင်းလိုပဲ စာသင်ရန် အတန်းထဲလာခဲ့ပေမဲ့ အားလုံးက ဒီလောက်ထိ သိချင်နေကြမည်လို့ မထင်ခဲ့မိပေ။
သူ(မ)က ဒီလိုမျိုး စိုက်ကြည့်ခံရသည်ကိုမကြိုက်ပေ။ သိုပေမဲ့ အားလုံးကိုလည်း မောင်းမထုတ်နိုင်ပေ။
ယွီကျီရီက နှုတ်ခမ်းလွှာနှစ်ခုကိုဖိကပ်ကာ အလိုလိုနောက်ဆုတ်မိပြီး လှည့်ထွက်သွားရန်ပြင်လိုက်သည်။
အတန်းထဲမှလူတိုင်း တစ်နေရာကိုကြည့်နေကြတာကိုမြင်တော့ ရှီရီက တစ်ခုခုမှားနေမှန်းသိလိုက်သည်။ “ဘာဖြစ်နေကြတာလဲ။”
“သူတို့ကြည့်ရတာ ငါ့ကို အရမ်းစိတ်ဝင်စားနေတာထင်တယ်။”
သူ(မ)က ဒီအကြည့်တွေကို အလွန်အမင်း မကြိုက်ကြောင်း မပြောခဲ့ပါ။
ရှီရီကတော့ ကောင်းကောင်းသိသွားသည်။ သူက ရုတ်တရက် အသံကိုမြှင့်ကာ “အတန်းထဲက ကျောင်းသားတိုင်း အိမ်စာတွေကို သက်ဆိုင်ရာ ဘာသာရပ်ကိုယ်စားလှယ်တွေဆီထပ်ရမယ်။ ပြီးရင် အလံတင်အခမ်းနားအတွက် ကစားကွင်းကိုသွားကြပါ။”
သူက ဆရာတစ်ယောက် အတန်းထဲမှာရှိနေသလိုမျိုး လေးနက်ခိုင်ကြည်သည့်အသံနှင့် ပြောလိုက်သည်။
အတန်းခေါင်းဆောင်ဖြစ်သူ ရှီရီက အမြဲလိုလို လေးစားအတုယူဖွယ်ကောင်းပြီး လူတိုင်းက သူ့ကို လေးစားကြသည်။ တကယ်လို့ သူပြောသည်ကိုသဘောမတူလျှင်လည်း ဆရာက မင်းကို သဘောတူအောင် ဖိအားပေးမှာပင်။
သူပြောတာကိုကြားတော့ အိမ်စာလုပ်သင့်နေသူတို့က သူတို့ရဲ့အိမ်စာကိုသာလုပ်နေကြတော့သည်။ အိမ်စာကို အလောသုံးဆယ် အပြီးသတ်နေသူများလည်းရှိသည်။
အားလုံး သူတို့ရဲ့အလုပ်တွေမှာ နစ်မြုပ်နေကြတာကိုတွေ့တော့မှ ယွီကျီရီလည်း အများကြီး စိတ်သက်သာရာရတော့သည်။
သူ(မ)က ရှီရီ့ကို အလိုလိုကြည့်လိုက်မိသည်။
ရှီရီက လက်မြှောက်ကာ သူ(မ)ရဲ့ ခေါင်းနောက်ဘက်ကို သူ့ရဲ့လက်ဖဝါးနှင့် ၂ ကြိမ်ခန့် ညင်သာစွာပွတ်ပေးလိုက်သည်။ “မစိုးရိမ်နဲ့။ သူတို့တွေမှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။”
“ကောင်းပါပြီ…”
ရှီရီက ကောင်မလေးကို ကိုယ်တိုင်ကိုယ်ကျ ထိုင်ခုံဆီလိုက်ပို့ပြီးနောက် သူ့ခုံဆီ ဖြည်းဖြည်းချင်း ပြန်လျှောက်လာခဲ့သည်။
မူလက သူသည် ယွီကျီရီနှင့်အတူ ကျောင်းလာခဲ့ပေမဲ့ သင်ကြားရေးအဆောက်အအုံဆီဝင်သည်နှင့် ဆရာနှင့်တွေ့နေခဲ့သည်။ အတန်းခေါင်းဆောင်တစ်ယောက်အနေနှင့် အရေးတကြီးလုပ်စရာရှိတာကြောင့် သူက ရုံးခန်းကိုလိုက်သွားပြီး ယွီကျီရီက အတန်းထဲသို့ တစ်ယောက်တည်း ဝင်လာခဲ့တာဖြစ်သည်။
ဒါက ကိစ္စကြီးတော့မဟုတ်ပေမဲ့ သူ(မ)အတွက်တော့ ထိုသို့မဟုတ်ပါ။
ယွီကျီရီက ထူးဆန်းသည့်အကြည့်တွေကနေ လွတ်မြောက်လာပေမဲ့ စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုကိုတော့ ခံစားနေရဆဲဖြစ်သည်။
သူ(မ)က လူအုပ်ထဲမှာ ပြောင်ပြောင်တင်းတင်းရပ်နေနိုင်ပေမဲ့ အားလုံးရဲ့မျက်လုံးတွေ သူ(မ)ဆီမှာ အာရုံစိုက်ထားသည်ကိုတော့ သည်းမခံနိုင်ပေ။ သူတို့က သူ့(မ)အကြောင်း သိချင်ရုံဆိုလျှင်တောင် သူ(မ)ကတော့ သည်းမခံနိုင်ပါ။
တဖြည်းဖြည်းနှင့် လူတိုင်းတွေ့ရှိသွားတာက အတန်းခေါင်းဆောင် တစ်ခုခု ပြောင်းလဲသွားသည်ကိုပင်။
အတန်းထဲတွင် ဘယ်သောအခါမှ စိတ်မလွတ်သည့် ဘာသာရပ်တိုင်းကို မှတ်စုထုတ်သည့် အတန်းခေါင်းဆောင်က ရုတ်တရက်ကြီး ပျင်းရိသွားလေသည်။
ဥပမာအားဖြင့်ဆိုရလျှင် အတန်းထဲတွင် မှတ်စုထုတ်လို့မပြီးလိုက်သည့် အတန်းဖော်က အတန်းခေါင်းဆောင်ဆီမှ မှတ်စုငှားချင်နေသည့်အခါဝယ်…..
“အတန်းခေါင်းဆောင်။ ပြီးခဲ့တဲ့အတန်းက မှတ်စုလေးငှားပါလား။”
“ငါ မမှတ်လိုက်မိဘူး။”
“မမှတ်လိုက်ဘူးလား။”
အတန်းဖော်က မယုံပေ။ သူ့စာအုပ်ကို မယုံသင်္ကာနှင့်ဖွင့်ကြည့်လိုက်သည်။ ထိုအခါ ပြီးခဲ့သည့် သင်ခန်းစာရှိစာရွက်တို့မှာ မှတ်စုမပြောနှင့် စာလုံးလေးတစ်လုံးတစ်လေပင်မရှိပါ။
ဆရာများလည်း ယခင်က ဂုဏ်ယူခဲ့ရသည့် ကျောင်းသားကောင်းလေးရှီရီတစ်ယောက် လျော့ရဲလာသည်ကို တွေ့ရှိသွားကြသည်။ ယခင်ကဆိုလျှင် သူသည် သင်ပုန်းကိုသာအာရုံစိုက်ထားတတ်ပေမဲ့ ယခုတော့ သူက မှတ်စုမမှတ်ရုံသာမက မေးခွန်းတွေကိုလည်း တက်တက်ကြွကြွ မမေးလာတော့ပါ။
ဒီအကြောင်းတွေကြောင့် အတန်းပိုင်က ရှီရီ့ကို ရုံးခန်းသို့ခေါ်ခဲ့ခြင်းဖြစ်သည်။ သိုပေမဲ့ သူက မှတ်စုမမှတ်လျှင်ပင် ကျောင်းတွင် ပထမနေရာရနိုင်ကြောင်း အလုပ်နှင့်သက်သေပြခဲ့သည်။
“ဆရာ။ အတန်းထဲကကျောင်းသားတိုင်းမှာ ကိုယ်ပိုင်စာလေ့လာနည်းတွေရှိကြပါတယ်။ ကျွန်တော့်အထင် လက်ရှိနည်းက ကျွန်တော့်အတွက် အရမ်းသင့်တော်တယ်လို့ထင်ပါတယ်။ ဒီနည်းက ကျွန်တော့်ကို ပေါ့ပေါ့ပါးပါးနဲ့ စာသင်ရတာကို ပျော်စေပါတယ်။”
ရွှယ်ပါ့က ဒီလိုပြောမှတော့ ဆရာလည်း သူ့ကို တက်တက်ကြွကြွနေရန်သာ ပြောနိုင်တော့သည်။
[ t/n : ရွှယ်ပါ့ဆိုတာ ဆရာကြီး hyper ကြီးဆိုတာမျိုးပါ ]
သဘောထားကွဲလွဲသံတို့ကို သူ၏အလုပ်ခွန်အားဖြင့် ဖိနှိပ်နိုင်လိမ့်မည်။
အတန်းခေါင်းဆောင်ရဲ့ ပြောင်းလဲမှုများအကြောင်းဆွေးနွေးသံများကို တုံ့ပြန်သည့်အနေနှင့် ချောင်လဲ့ကျီက ခြေချိတ်ထိုင်ကာ လက်ပိုက်ပြီး ရှေ့စားပွဲသို့မှီကာ “အတန်းခေါင်းဆောင်က ဒီလိုမျိုးပဲ။ ဆရာစာသင်တုန်း သေချာလိုက်နားထောင်၊ မှတ်စုထုတ်ပြီး သူတကယ်ကြီးသင်ယူမယ်များထင်လို့လား။ သူက အထက်တန်းစာတွေအကုန်လုံးကိုတောင် သူ့ဘာသူ လေ့လာပြီးလောက်ပြီ။”
“ဝါးး အံ့ဩစရာပဲ။ အတန်းခေါင်းဆောင်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အတန်းကျော်လောက်လား။”
“ဟင့်အင်း။ သူ အတန်းကျော်မှာမဟုတ်ဘူး။”
“ဘာလို့လဲ။”
ချောင်လဲ့ကျီက လက်မြှောက်ပြီး ယွီကျီရီဘက်သို့လက်ညှိုးထိုးကာ “ရီရီသာ အတန်းကျော်မတက်ရင် အတန်းခေါင်းဆောင်လည်း တစ်တန်းပြီးတစ်တန်းပဲ တက်လိမ့်မယ်။”
ရှီရီ့ရဲ့ စွမ်းရည်တို့က ငယ်စဉ်ကတည်းက ပြောင်မြောက်ခဲ့တာဖြစ်သည်။ သူ့ကို အတန်းကျော်တက်ရန် ထောက်ခံသူများစွာရှိသည်။ သို့ပေမဲ့ သူကိုယ်တိုင်က အတန်းကျော်မတက်ချင်တာဖြစ်သည်။
အားလုံးက ရှီရီတစ်ယောက် အတန်းကျော်မတက်ချင်ရုံလို့ ထင်ခဲ့ကြတာက ရှီရီ ယွီကျီရီ့ကိုချော့မော့နေသံကို မကြားရသေးခင်အချိန်ထိဖြစ်သည်။ “နင်မပါဘဲနဲ့တော့ ငါအတန်းကျော်မတက်ဘူး။ ဒါပေမဲ့ နင်က တုံးလွန်းတယ်။ နင့်ဘဝမှာ အတန်းကျော်တက်ဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး။”
ကြားရသလောက်က ယွီကျီရီရဲ့တုံးအမှုအကြောင်းလို့ထင်ရပေမဲ့ ဒီစကားလုံးတွေရဲ့နောက်မှာ ဇာတ်လမ်းဘယ်နှစ်ခုလောက်ရှိမည်ကို မည်သူသိနိုင်မည်လဲ။
နေ့လယ်ထမင်းစားနားရန် ခေါင်းလောင်းမြည်တော့ ကျောင်းသားများ နေ့လယ်စာစားရန်အပြေးရောက်လာကြပြီး တန်းစီနေကြသည်။
ကြက်တောင်စည်းနှင့်ကောင်မလေးနှစ်ယောက်က ထိုလူတန်းရှည်နားမှ ပန်းကန်များကိုကိုင်ကာဖြတ်လာပြီး ရှက်ဝဲဝဲနှင့်မေးလိုက်သည်။ “ဒီမှာထိုင်လို့ရမလားရှင်။”
ရှီရီက ပန်းရောင်နှင့် အဖြူရောင် နှစ်ရောင်စပ်ထမင်းဘူးလေးကို စားပွဲပေါ်တင်လိုက်ကာ “အားနာပါတယ်။ဒီမှာလူရှိတယ်။”
ကောင်မလေးက ရှက်ရွံ့စွာနှင့် အနောက်ဘက်ခုံတွင် ဝင်ထိုင်လိုက်သည်။
“အရမ်းချောတာပဲ။ အထူးသဖြင့် ဘယ်ဘက်ကတစ်ယောက်။”
“အဲ့ဒါ ပထမနှစ် တန်းခွဲ ၂ က ရှီရီမလား။ ငါတို့ကျောင်းရဲ့ ထိပ်တန်းကျောင်းသားလေ။”
“ပုံစံကတော့ တူတယ်။”
“ဆန္ဒကိုထိန်းစမ်းပါ။ ငါ့တို့အားလုံးက တတိယနှစ်ရောက်နေကြပြီနော်။”
“…”
ကောင်မလေးက နာကျင်သွားကာ အသံတိတ်သွားတော့သည်။
သို့ပေမဲ့ ရှီရီ့အား လေးစားအားကျစိတ်ကိုတော့ ဘယ်သူမှမတားနိုင်ပါ။
နောက်ကျောကိုသာမြင်ရပေမဲ့ သူ့ရဲ့အချိုးအစားက အမိုက်စားဖြစ်သည်။ သူ့ရဲ့ နောက်ကျောပုံသဏ္ဌာန်ကပင် အံ့ချီးဖွယ်ဖြစ်နေလေသည်။
ထိုအချိန်တွင် ကောင်မလေး ၂ ယောက် ၃ ယောက်က သူတို့နားမှဖြတ်သွားသည်။ တစ်ယောက်က လက်ဗလာနှင့်ဖြစ်ပြီး ရှီရီ့ဘေးတွင် ဝင်ထိုင်လိုက်သည်။
သူတို့က ပျော်စရာတော့တွေ့ရပြီထင်ပြီး စောင့်ကြည့်နေပေမဲ့ ထိုစားပွဲရှိလေထုမှာတော့ အလွန်ဟန်ချက်ညီနေသည်။
ရှီရီနှင့် သူ့မျက်နှာချင်းဆိုင်ရှိကောင်မလေးတို့ရဲ့ နေ့လယ်စာဘူးများက အရောင်သာကွဲပြီး ပုံစံတူကြသည်။
လီရှောက်ကျိုက အလုတ်ကြီးကြီးစားကာ သူ့ရဲ့နေ့လယ်စာကို မြန်မြန် အပြီးသတ်လိုက်သည်။
ယွီကျီရီက တစ်ရှုးထုတ်ကာ အားလုံးကိုဝေပေးလိုက်သည်။
ချောင်လဲ့ကျီက နောက်လိုက်၏။ “ငါတို့ရီရီဆီက တစ်ရှုးတွေသုံးလိုက်ပေမဲ့ ပြန်ပေးရမှာမလား။”
လီရှောက်ကျိုက ပါးစပ်သုတ်လိုက်ပြီး “ငါတို့ရဲ့ညီမရီရီက ကြင်နာတတ်တဲ့နှလုံးသားရှိတယ်။ နင့်လိုမျိုး ကပ်စေးမနည်းတတ်ဘူး။”
အေးစက်စက် အကြည့်စူးစူးတို့ သူ့ထံကျရောက်လာသည်။
“ဘယ်သူက မင်းညီမလဲ။” ရှီရီက ရက်စက်သည့်ပုံနှင့်ကြည့်လိုက်သည်။
လီရှောက်ကျိုက ချက်ချင်း လက်မြှောက်ကာ အရှုံးပေးလိုက်သည်။ “ကောင်းပြီ။ ကောင်းပြီ။ ညီကိုရေ။ ငါမှားပြောမိတာပါ။ ဒါက ငါတို့အခန်းထဲက ယွီကျီရီပါ။”
သူက စနောက်နေရုံသာဖြစ်ပြီး ရှီရီနှင့် စကားမများချင်ပါ။ သူက အမြဲတမ်း အတန်းခေါင်းဆောင်ဆီမှ အိမ်စာကူးနေရသည်လေ။
ကောင်မလေး ၃ ယောက်က ဖြည်းဖြည်းချင်းစားနေကြပြီး ရှီရီကလည်း စိတ်ရှည်ရှည်နှင့်စောင့်ပေးနေသည်။ ထွက်သွားဖို့ စိတ်ကူးရှိပုံမရပါ။
ဒါကိုမြင်တော့ လီရှောက်ကျိုလည်း အေးအေးဆေးဆေးပြန်ထိုင်ကာ ဖုန်းသုံးနေလိုက်သည်။
အဖွဲ့ထဲမှတစ်ယောက်က link တစ်ခုပို့လာပြီး သူလည်း ဖွင့်ကြည့်လိုက်မိသည်။ ဗီဒီယိုဂိမ်းမြို့တော်ရဲ့ နှစ်ပတ်လည်အစီစဉ်ဖြစ်ပြီး ဂိမ်းကွိုင်တို့နှင့် တစ်ခုဝယ်တစ်ခုလက်ဆောင် ပရိုမိုးရှင်းချနေသည်။
လီရှောက်ကျိုက သာမန်ကာလျှံကာမေးလိုက်သည်။ “ရီကော။ ပိတ်ရက်ကျ အစီစဉ်ရှိလား။”
ဒါက တကယ်ကို သာမန်မေးလိုက်တာဖြစ်သည်။ အရင်ကဆိုလျှင် ရှီရီက သူတို့နှင့် အပြင်ထွက်ကစားဖို့ကို ငြင်းနေကျဖြစ်သည်။
ဒီတစ်ခါတော့ မမျှော်လင့်စွာဘဲ ရှီရီက ပြန်မေးလာသည်။ “ဘယ်မှာဆုံကြမလို့လဲ။”
ဒါကိုကြားတော့ လီရှောက်ကျိုက စိတ်လှုပ်ရှားသွားပြီး ဖုန်းထဲမှ စာမျက်နှာတစ်ခုကို အမြန်ဖွင့်ပြလိုက်သည်။ “ငါ ဒီဗီဒီယိုဂိမ်းမြို့တော်ကိုရောက်ဖူးတယ် ။ စိတ်ဝင်စားစရာတွေ အများကြီးပဲ။”
“ဗီဒီယိုဂိမ်းမြို့တော်လား။”
သူက ခပ်တိုးတိုးဖတ်ကြည့်လိုက်သည်။ ပွဲမိတ်ဆက်ကို တစ်ချက်ကြည့်ကာဖတ်လိုက်သည်။ ထို့နောက် စားပွဲပေါ်သို့ လက်ချောင်းများနှင့် ၂ ကြိမ် ခေါက်လိုက်သည်။
သူ့အကြည့်များက သူနှင့်မျက်နှာချင်းဆိုင်ရှိ သည်းကြီးမည်းကြီးစားနေသည့် ကောင်မလေးထံ ကျရောက်သွားသည်။ သူက ခဏရပ်ကာ တွေးနေခဲ့သည်။
ရှီရီက နှစ်ခမ်းလွှာတို့ကို ခပ်ပါးပါးဖိကာ နှုတ်ခမ်းထောင့်စွန်းတို့ကို မဆိုသလောက်ပင့်လိုက်ပြီးနောက် ပြောလိုက်သည်။ “ကောင်းပြီ။ ချိန်းကြတာပေါ့။”
*****
Aurora Novel Translation Team
တနလၤာေန႔ဝယ္…..
ေက်ာင္းသားအုပ္စုလိုက္က အတန္းထဲသို႔ ေစာစီးစြာေရာက္လာၾကသည္။ အားလုံးက အိမ္စာမ်ားႏွင့္ပိေနၾက၏။
လီေရွာက္က်ိဳက ေနာက္ဘက္ရွိ စားပြဲခုံအလြတ္ကို လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ ေနာင္တရစြာႏွင့္ သက္ျပင္းခ်လိုက္သည္။ “အတန္းေခါင္းေဆာင္က ဘာလို႔ မလာေသးတာလဲ။”
အကယ္၍ အတန္းေခါင္းေဆာင္သာ အိမ္စာေတြမယူရင္ေကာင္းမည္။ သူ႔မွာ အိမ္စာကူးခ်ိန္ပင္မရွိေတာ့ပါ။
လီေရွာက္က်ိဳကေနာက္လွည့္ၿပီး ဟိုသည္ၾကည့္ကာ “မင္းတို႔ထဲက ဘယ္သူ ႐ူပေဗဒအိမ္စာၿပီးၿပီလဲ။”
ေက်ာင္းသားေလးတစ္ေယာက္က စာ႐ြက္လြတ္ကိုေထာင္ျပၿပီး မ်က္ခုံးပင့္ကာေျပာလိုက္သည္။ “ငါလည္း အဲ့ဒါကို ေမးေတာ့မလို႔။”
ေခ်ာင္လဲ့က်ီက ခဏေလာက္ရပ္ေနၿပီး ေခါင္းေမာ့ကာေမးလိုက္သည္။ “နင္ ငါ့ဆီကကူးရဲတာ ေသခ်ာလား။”
“…” ေသခ်ာေပါက္ မကူးရဲဘူးေပါ့။
ဒီလိုကအလုပ္မျဖစ္ေတာ့ ေနာက္တစ္ေယာက္ဆီလွည့္သြားသည္။
က်န္းေမ့အာ အတန္းထဲဝင္လာလာခ်င္းမွာ လီေရွာက္က်ိဳတစ္ေယာက္ အိမ္စာစာအုပ္လိုက္ငွားေနတာကို ၾကားလိုက္ရသည္။
လီေရွာက္က်ိဳ : “က်န္းေမ့အာ နင္ေရာ ဘယ္လိုလဲ။”
က်န္းေမ့အာက စာအုပ္ကို စားပြဲေပၚတင္လိုက္ကာ “မေမးနဲ႔။ ေမးေနရင္ မၿပီးဘဲေနမယ္။ ဒီ႐ူပေဗဒက ႐ိုး႐ိုးရွင္းရွင္းႀကီးကို လူသားေတြရဲ႕ သင္ၾကားႏိုင္စြမ္းကို ဆန႔္က်င္ေနတာ။”
လီေရွာက္က်ိဳက ႏႈတ္ခမ္းတစ္ဖက္တြန႔္ကာ ၿပဳံးရင္း “ဟုတ္တယ္ေနာ္..။ ဒါက ခက္တယ္မလား။”
“ခက္လားမခက္လားကေတာ့ ႐ူပေဗဒမသင္ခင္နဲ႔ သင္ၿပီးမွာ Planck ကိုသာၾကည့္လိုက္ေတာ့။ ႐ူပေဗဒ ဘယ္ေလာက္ခက္လဲ နားလည္သြားလိမ့္မယ္။” က်န္းေမ့အာက ႐ူပေဗဒေလ့က်င့္ခန္းစာအုပ္ကို ဖြင့္လိုက္သည္။ စာအုပ္ထဲတြင္ ဖ်က္ရာျပင္ရာမ်ားႏွင့္ ရႈပ္ပြေနသည္။
[ t/n : Max Planck သီအိုရီပိုင္းဆိုင္ရာ ဂ်ာမန္႐ူပေဗဒပညာရွင္ပါ။ သူက Planck Unit လို႔ေခၚတဲ့ စြမ္းအင္အတိုင္းအတာကို ရွာေတြ႕ခဲ့သူပါ ]
လီေရွာက္က်ိဳက သူ႔ေခါင္းသူ စိတ္ပ်က္လက္ပ်က္ႏွင့္ဖြလိုက္သည္။
သူက ႐ူပေဗဒေမးခြန္းေတြကိုလည္း မတြက္လာသည့္အျပင္ စာေတြကိုလည္း ျပန္မၾကည့္တာေၾကာင့္ ဒီေမးခြန္းေတြ ဘယ္ေလာက္ခက္သလဲဆိုသည္ကိုမသိေပ။
သူသိတာတစ္ခုကေတာ့ တစ္ေယာက္ေယာက္ဆီမွ အိမ္စာအျမန္ကူးဖို႔ကိုပင္။
လီေရွာက္က်ိဳက အလြန္ပ်င္းရိေနၿပီး ေရွ႕တန္းသို႔သြားလည္ကာ သားေကာင္ဖမ္းရန္ ႀကိဳးစားေနသည္။
႐ုတ္တရက္ ၾကက္ေတာင္စည္းႏွင့္ေကာင္မေလးတစ္ေယာက္ သူ႔နားကျဖတ္သြားသည္။ သူေသခ်ာစိုက္ၾကည့္လိုက္ၿပီး ေကာင္မေလးကို လက္ဆန႔္၍တားလိုက္သည္။ “ေက်ာင္းသူေလး။ အတန္းမွားလာတာလား။”
အခုမွ အတန္းထဲဝင္လာသည့္ ယြီက်ီရီ : ? ? ?
သူ(မ)က အတန္းတစ္ဝိုက္ကို မသကၤာစြာ တစ္ခ်က္ၾကည့္လိုက္ၿပီး သူ(မ)အတန္းမမွားေၾကာင္း ေသခ်ာေစလိုက္သည္။
“လီေရွာက္က်ိဳေရ ေက်းဇူးျပဳၿပီး ေဘးဖယ္ေပးပါဦး။”
“ဒီအသံကို ၾကားဖူးသလိုပဲ။”
လီေရွာက္က်ိဳသည္ သူ႔ေရွ႕မွေကာင္မေလးကို မယုံႏိုင္စြာ ၾကည့္လိုက္သည္။
ေကာင္မေလးတြင္ စံသတ္မွတ္ထားသည့္ ဘဲဥပုံမ်က္ႏွာပုံစံရွိသည္။ အသားေရာင္က ပန္းေရာင္ေဖ်ာ့ေဖ်ာ့ေျပးေနၿပီး မ်က္ႏွာက်က အခ်ိဳးစားက်နလွသည္။ မ်က္ေတာင္မ်ားက ရွည္လ်ားေကာ့ၫြတ္ေနၿပီး မ်က္လုံးနက္တစ္စုံက ဝိုင္းစက္ေတာက္ပေနသည္မွာ မ်က္လုံးမ်ားက စကားေျပာေနသလိုပင္။
လီေရွာက္က်ိဳက ဒီလို ႏူးညံ့ၿပီး ခ်စ္စရာေကာင္းသည့္ေကာင္မေလးကို ရင္းႏွီးေနသလို ခံစားေနရသည္။
လီေရွာက္က်ိဳက သူ႔ေခါင္းသူ႐ိုက္လိုက္ကာ ႐ုတ္တရက္ သတိထားမိသြားသည္။ “နင္ ယြီက်ီရီမလား။”
“ဟုတ္တယ္ေလ။ မဂၤလာနံနက္ခင္းပါေနာ္။” သူ(မ)က သူ(မ)ရဲ႕ ပုံသဏၭာန္အစစ္ကို တည္တည္ၿငိမ္ၿငိမ္အတည္ျပဳေပးခဲ့ၿပီး ႏႈတ္ဆက္လိုက္သည္။
လီေရွာက္က်ိဳတစ္ေယာက္ ေငးငိုင္သြားေတာ့သည္။ “နင္က အရမ္း ၾကည့္ေကာင္းတာပဲ။”
သူ႔ရဲ႕အသံက်ယ္က်ယ္က သူ႔ေနာက္မွ ေက်ာင္းသားအားလုံးကို ဆြဲေဆာင္လိုက္သလိုျဖစ္သြားသည္။
ယြီက်ီရီ အတန္းထဲကိုစေရာက္တုန္းက ႏွာေခါင္းစည္းတပ္ထားခဲ့ၿပီး လူတိုင္းက သူ႔(မ)မ်က္ႏွာကိုၾကည့္ရန္ အခြင့္ေရးကိုရွာခဲ့ေပမဲ့ တစ္စြန္းတစ္စေလးေတာင္ မျမင္ခဲ့ၾကေပ။ လူတိုင္းက သူ(မ) အရမ္းၾကည့္ေကာင္းေနလို႔ မဟုတ္လွ်င္ အရမ္း႐ုပ္ဆိုးလြန္းလို႔ဟု တိတ္တဆိတ္ေႏြးေႏြးခဲ့ၾကသည္။
သူ(မ)က ရွီရီႏွင့္အမ်ိဳးေတာ္တာေၾကာင့္ လူတိုင္းက သူ(မ)ရဲ႕ ပုံပန္းသြင္ျပင္အေပၚ ေမွ်ာ္လင့္ထားခဲ့ၾကသည္။
မေမွ်ာ္လင့္စြာပင္ သူတို႔အထင္ေတြကို ေျပာင္းျပန္မလွန္မိေပ။
လူတခ်ိဳ႕က သိသိသာသာကို ၾကားလိုက္ၾကေပမဲ့ သူတို႔ကိုယ္သူတို႔ဆန႔္က်င္ၿပီး ေမးခြန္းထုတ္ေနၾကသည္။ “နင္က တကယ္ပဲ ယြီက်ီရီလား။”
ယြီက်ီရီက လက္ေခ်ာင္းမ်ားကို စိတ္လႈပ္ရွားစြာ ကစားေနရင္း “ဟုတ္တယ္…”
သူ(မ)နားတြင္ လူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ဝိုင္းအုံလာၾကသည္။ “ဝိုး။ နင္က အရမ္းၾကည့္ေကာင္းတာပဲ။ အရင္က ဘာလို႔ ႏွာေခါင္းစည္းႀကီးတပ္ထားတာလဲဟ။”
“နင္က အရမ္းၾကည့္ေကာင္းေနလို႔ တမင္တကာ ႏွာေခါင္းစည္းတပ္ထားတာမလား။”
ၾကည့္ေကာင္းတာႏွင့္ ႏွာေခါင္းစည္းၾကား ဘယ္လို ဆက္စပ္မႈမ်ိဳးရွိသလဲေလ…။
သူ(မ)က မ်က္ႏွာကို ရည္႐ြယ္ခ်က္ရွိရွိ ဖုံးထားတာမဟုတ္ပါ။ ခြဲစိတ္ၿပီးခါစမွာ အေရျပားက အလြန္ အထိမခံေပ။ သူ(မ)က အိမ္မွာေတာင္ ရက္အတန္ၾကာထိ ေလတိုက္ခံလို႔မရေပ။
ေနာက္ေတာ့ တျဖည္းျဖည္း သက္သာလာတာေၾကာင့္ အတန္းတက္ရန္ ေက်ာင္းျပန္လာခဲ့ျခင္းျဖစ္သည္။ သူ(မ)က သူ(မ)ရဲ႕အေရျပားကို ေန၊ ေလတို႔ႏွင့္ တိုက္႐ိုက္မထိေတြ႕ရဲတာေၾကာင့္ မ်က္ႏွာကိုကာကြယ္ရန္ ႏွာေခါင္းစည္းတပ္ခဲ့ျခင္းသာ။
အျဖစ္ပ်က္က ဒီလိုပင္။
သူ(မ)က ခါတိုင္းလိုပဲ စာသင္ရန္ အတန္းထဲလာခဲ့ေပမဲ့ အားလုံးက ဒီေလာက္ထိ သိခ်င္ေနၾကမည္လို႔ မထင္ခဲ့မိေပ။
သူ(မ)က ဒီလိုမ်ိဳး စိုက္ၾကည့္ခံရသည္ကိုမႀကိဳက္ေပ။ သိုေပမဲ့ အားလုံးကိုလည္း ေမာင္းမထုတ္ႏိုင္ေပ။
ယြီက်ီရီက ႏႈတ္ခမ္းလႊာႏွစ္ခုကိုဖိကပ္ကာ အလိုလိုေနာက္ဆုတ္မိၿပီး လွည့္ထြက္သြားရန္ျပင္လိုက္သည္။
အတန္းထဲမွလူတိုင္း တစ္ေနရာကိုၾကည့္ေနၾကတာကိုျမင္ေတာ့ ရွီရီက တစ္ခုခုမွားေနမွန္းသိလိုက္သည္။ “ဘာျဖစ္ေနၾကတာလဲ။”
“သူတို႔ၾကည့္ရတာ ငါ့ကို အရမ္းစိတ္ဝင္စားေနတာထင္တယ္။”
သူ(မ)က ဒီအၾကည့္ေတြကို အလြန္အမင္း မႀကိဳက္ေၾကာင္း မေျပာခဲ့ပါ။
ရွီရီကေတာ့ ေကာင္းေကာင္းသိသြားသည္။ သူက ႐ုတ္တရက္ အသံကိုျမႇင့္ကာ “အတန္းထဲက ေက်ာင္းသားတိုင္း အိမ္စာေတြကို သက္ဆိုင္ရာ ဘာသာရပ္ကိုယ္စားလွယ္ေတြဆီထပ္ရမယ္။ ၿပီးရင္ အလံတင္အခမ္းနားအတြက္ ကစားကြင္းကိုသြားၾကပါ။”
သူက ဆရာတစ္ေယာက္ အတန္းထဲမွာရွိေနသလိုမ်ိဳး ေလးနက္ခိုင္ၾကည္သည့္အသံႏွင့္ ေျပာလိုက္သည္။
အတန္းေခါင္းေဆာင္ျဖစ္သူ ရွီရီက အၿမဲလိုလို ေလးစားအတုယူဖြယ္ေကာင္းၿပီး လူတိုင္းက သူ႔ကို ေလးစားၾကသည္။ တကယ္လို႔ သူေျပာသည္ကိုသေဘာမတူလွ်င္လည္း ဆရာက မင္းကို သေဘာတူေအာင္ ဖိအားေပးမွာပင္။
သူေျပာတာကိုၾကားေတာ့ အိမ္စာလုပ္သင့္ေနသူတို႔က သူတို႔ရဲ႕အိမ္စာကိုသာလုပ္ေနၾကေတာ့သည္။ အိမ္စာကို အေလာသုံးဆယ္ အၿပီးသတ္ေနသူမ်ားလည္းရွိသည္။
အားလုံး သူတို႔ရဲ႕အလုပ္ေတြမွာ နစ္ျမဳပ္ေနၾကတာကိုေတြ႕ေတာ့မွ ယြီက်ီရီလည္း အမ်ားႀကီး စိတ္သက္သာရာရေတာ့သည္။
သူ(မ)က ရွီရီ႕ကို အလိုလိုၾကည့္လိုက္မိသည္။
ရွီရီက လက္ေျမႇာက္ကာ သူ(မ)ရဲ႕ ေခါင္းေနာက္ဘက္ကို သူ႔ရဲ႕လက္ဖဝါးႏွင့္ ၂ ႀကိမ္ခန႔္ ညင္သာစြာပြတ္ေပးလိုက္သည္။ “မစိုးရိမ္နဲ႔။ သူတို႔ေတြမွာ မေကာင္းတဲ့ရည္႐ြယ္ခ်က္မရွိပါဘူး။”
“ေကာင္းပါၿပီ…”
ရွီရီက ေကာင္မေလးကို ကိုယ္တိုင္ကိုယ္က် ထိုင္ခုံဆီလိုက္ပို႔ၿပီးေနာက္ သူ႔ခုံဆီ ျဖည္းျဖည္းခ်င္း ျပန္ေလွ်ာက္လာခဲ့သည္။
မူလက သူသည္ ယြီက်ီရီႏွင့္အတူ ေက်ာင္းလာခဲ့ေပမဲ့ သင္ၾကားေရးအေဆာက္အအုံဆီဝင္သည္ႏွင့္ ဆရာႏွင့္ေတြ႕ေနခဲ့သည္။ အတန္းေခါင္းေဆာင္တစ္ေယာက္အေနႏွင့္ အေရးတႀကီးလုပ္စရာရွိတာေၾကာင့္ သူက ႐ုံးခန္းကိုလိုက္သြားၿပီး ယြီက်ီရီက အတန္းထဲသို႔ တစ္ေယာက္တည္း ဝင္လာခဲ့တာျဖစ္သည္။
ဒါက ကိစၥႀကီးေတာ့မဟုတ္ေပမဲ့ သူ(မ)အတြက္ေတာ့ ထိုသို႔မဟုတ္ပါ။
ယြီက်ီရီက ထူးဆန္းသည့္အၾကည့္ေတြကေန လြတ္ေျမာက္လာေပမဲ့ စိတ္ပိုင္းဆိုင္ရာသက္ေရာက္မႈကိုေတာ့ ခံစားေနရဆဲျဖစ္သည္။
သူ(မ)က လူအုပ္ထဲမွာ ေျပာင္ေျပာင္တင္းတင္းရပ္ေနႏိုင္ေပမဲ့ အားလုံးရဲ႕မ်က္လုံးေတြ သူ(မ)ဆီမွာ အာ႐ုံစိုက္ထားသည္ကိုေတာ့ သည္းမခံႏိုင္ေပ။ သူတို႔က သူ႔(မ)အေၾကာင္း သိခ်င္႐ုံဆိုလွ်င္ေတာင္ သူ(မ)ကေတာ့ သည္းမခံႏိုင္ပါ။
တျဖည္းျဖည္းႏွင့္ လူတိုင္းေတြ႕ရွိသြားတာက အတန္းေခါင္းေဆာင္ တစ္ခုခု ေျပာင္းလဲသြားသည္ကိုပင္။
အတန္းထဲတြင္ ဘယ္ေသာအခါမွ စိတ္မလြတ္သည့္ ဘာသာရပ္တိုင္းကို မွတ္စုထုတ္သည့္ အတန္းေခါင္းေဆာင္က ႐ုတ္တရက္ႀကီး ပ်င္းရိသြားေလသည္။
ဥပမာအားျဖင့္ဆိုရလွ်င္ အတန္းထဲတြင္ မွတ္စုထုတ္လို႔မၿပီးလိုက္သည့္ အတန္းေဖာ္က အတန္းေခါင္းေဆာင္ဆီမွ မွတ္စုငွားခ်င္ေနသည့္အခါဝယ္…..
“အတန္းေခါင္းေဆာင္။ ၿပီးခဲ့တဲ့အတန္းက မွတ္စုေလးငွားပါလား။”
“ငါ မမွတ္လိုက္မိဘူး။”
“မမွတ္လိုက္ဘူးလား။”
အတန္းေဖာ္က မယုံေပ။ သူ႔စာအုပ္ကို မယုံသကၤာႏွင့္ဖြင့္ၾကည့္လိုက္သည္။ ထိုအခါ ၿပီးခဲ့သည့္ သင္ခန္းစာရွိစာ႐ြက္တို႔မွာ မွတ္စုမေျပာႏွင့္ စာလုံးေလးတစ္လုံးတစ္ေလပင္မရွိပါ။
ဆရာမ်ားလည္း ယခင္က ဂုဏ္ယူခဲ့ရသည့္ ေက်ာင္းသားေကာင္းေလးရွီရီတစ္ေယာက္ ေလ်ာ့ရဲလာသည္ကို ေတြ႕ရွိသြားၾကသည္။ ယခင္ကဆိုလွ်င္ သူသည္ သင္ပုန္းကိုသာအာ႐ုံစိုက္ထားတတ္ေပမဲ့ ယခုေတာ့ သူက မွတ္စုမမွတ္႐ုံသာမက ေမးခြန္းေတြကိုလည္း တက္တက္ႂကြႂကြ မေမးလာေတာ့ပါ။
ဒီအေၾကာင္းေတြေၾကာင့္ အတန္းပိုင္က ရွီရီ႕ကို ႐ုံးခန္းသို႔ေခၚခဲ့ျခင္းျဖစ္သည္။ သိုေပမဲ့ သူက မွတ္စုမမွတ္လွ်င္ပင္ ေက်ာင္းတြင္ ပထမေနရာရႏိုင္ေၾကာင္း အလုပ္ႏွင့္သက္ေသျပခဲ့သည္။
“ဆရာ။ အတန္းထဲကေက်ာင္းသားတိုင္းမွာ ကိုယ္ပိုင္စာေလ့လာနည္းေတြရွိၾကပါတယ္။ ကြၽန္ေတာ့္အထင္ လက္ရွိနည္းက ကြၽန္ေတာ့္အတြက္ အရမ္းသင့္ေတာ္တယ္လို႔ထင္ပါတယ္။ ဒီနည္းက ကြၽန္ေတာ့္ကို ေပါ့ေပါ့ပါးပါးနဲ႔ စာသင္ရတာကို ေပ်ာ္ေစပါတယ္။”
႐ႊယ္ပါ့က ဒီလိုေျပာမွေတာ့ ဆရာလည္း သူ႔ကို တက္တက္ႂကြႂကြေနရန္သာ ေျပာႏိုင္ေတာ့သည္။
[ t/n : ႐ႊယ္ပါ့ဆိုတာ ဆရာႀကီး hyper ႀကီးဆိုတာမ်ိဳးပါ ]
သေဘာထားကြဲလြဲသံတို႔ကို သူ၏အလုပ္ခြန္အားျဖင့္ ဖိႏွိပ္ႏိုင္လိမ့္မည္။
အတန္းေခါင္းေဆာင္ရဲ႕ ေျပာင္းလဲမႈမ်ားအေၾကာင္းေဆြးေႏြးသံမ်ားကို တုံ႔ျပန္သည့္အေနႏွင့္ ေခ်ာင္လဲ့က်ီက ေျခခ်ိတ္ထိုင္ကာ လက္ပိုက္ၿပီး ေရွ႕စားပြဲသို႔မွီကာ “အတန္းေခါင္းေဆာင္က ဒီလိုမ်ိဳးပဲ။ ဆရာစာသင္တုန္း ေသခ်ာလိုက္နားေထာင္၊ မွတ္စုထုတ္ၿပီး သူတကယ္ႀကီးသင္ယူမယ္မ်ားထင္လို႔လား။ သူက အထက္တန္းစာေတြအကုန္လုံးကိုေတာင္ သူ႔ဘာသူ ေလ့လာၿပီးေလာက္ၿပီ။”
“ဝါးး အံ့ဩစရာပဲ။ အတန္းေခါင္းေဆာင္က တကၠသိုလ္ဝင္ခြင့္စာေမးပြဲအတြက္ အတန္းေက်ာ္ေလာက္လား။”
“ဟင့္အင္း။ သူ အတန္းေက်ာ္မွာမဟုတ္ဘူး။”
“ဘာလို႔လဲ။”
ေခ်ာင္လဲ့က်ီက လက္ေျမႇာက္ၿပီး ယြီက်ီရီဘက္သို႔လက္ညႇိဳးထိုးကာ “ရီရီသာ အတန္းေက်ာ္မတက္ရင္ အတန္းေခါင္းေဆာင္လည္း တစ္တန္းၿပီးတစ္တန္းပဲ တက္လိမ့္မယ္။”
ရွီရီ႕ရဲ႕ စြမ္းရည္တို႔က ငယ္စဥ္ကတည္းက ေျပာင္ေျမာက္ခဲ့တာျဖစ္သည္။ သူ႔ကို အတန္းေက်ာ္တက္ရန္ ေထာက္ခံသူမ်ားစြာရွိသည္။ သို႔ေပမဲ့ သူကိုယ္တိုင္က အတန္းေက်ာ္မတက္ခ်င္တာျဖစ္သည္။
အားလုံးက ရွီရီတစ္ေယာက္ အတန္းေက်ာ္မတက္ခ်င္႐ုံလို႔ ထင္ခဲ့ၾကတာက ရွီရီ ယြီက်ီရီ႕ကိုေခ်ာ့ေမာ့ေနသံကို မၾကားရေသးခင္အခ်ိန္ထိျဖစ္သည္။ “နင္မပါဘဲနဲ႔ေတာ့ ငါအတန္းေက်ာ္မတက္ဘူး။ ဒါေပမဲ့ နင္က တုံးလြန္းတယ္။ နင့္ဘဝမွာ အတန္းေက်ာ္တက္ဖို႔ဆိုတာ မျဖစ္ႏိုင္ေလာက္ဘူး။”
ၾကားရသေလာက္က ယြီက်ီရီရဲ႕တုံးအမႈအေၾကာင္းလို႔ထင္ရေပမဲ့ ဒီစကားလုံးေတြရဲ႕ေနာက္မွာ ဇာတ္လမ္းဘယ္ႏွစ္ခုေလာက္ရွိမည္ကို မည္သူသိႏိုင္မည္လဲ။
ေန႔လယ္ထမင္းစားနားရန္ ေခါင္းေလာင္းျမည္ေတာ့ ေက်ာင္းသားမ်ား ေန႔လယ္စာစားရန္အေျပးေရာက္လာၾကၿပီး တန္းစီေနၾကသည္။
ၾကက္ေတာင္စည္းႏွင့္ေကာင္မေလးႏွစ္ေယာက္က ထိုလူတန္းရွည္နားမွ ပန္းကန္မ်ားကိုကိုင္ကာျဖတ္လာၿပီး ရွက္ဝဲဝဲႏွင့္ေမးလိုက္သည္။ “ဒီမွာထိုင္လို႔ရမလားရွင္။”
ရွီရီက ပန္းေရာင္ႏွင့္ အျဖဴေရာင္ ႏွစ္ေရာင္စပ္ထမင္းဘူးေလးကို စားပြဲေပၚတင္လိုက္ကာ “အားနာပါတယ္။ဒီမွာလူရွိတယ္။”
ေကာင္မေလးက ရွက္႐ြံ႕စြာႏွင့္ အေနာက္ဘက္ခုံတြင္ ဝင္ထိုင္လိုက္သည္။
“အရမ္းေခ်ာတာပဲ။ အထူးသျဖင့္ ဘယ္ဘက္ကတစ္ေယာက္။”
“အဲ့ဒါ ပထမႏွစ္ တန္းခြဲ ၂ က ရွီရီမလား။ ငါတို႔ေက်ာင္းရဲ႕ ထိပ္တန္းေက်ာင္းသားေလ။”
“ပုံစံကေတာ့ တူတယ္။”
“ဆႏၵကိုထိန္းစမ္းပါ။ ငါ့တို႔အားလုံးက တတိယႏွစ္ေရာက္ေနၾကၿပီေနာ္။”
“…”
ေကာင္မေလးက နာက်င္သြားကာ အသံတိတ္သြားေတာ့သည္။
သို႔ေပမဲ့ ရွီရီ႕အား ေလးစားအားက်စိတ္ကိုေတာ့ ဘယ္သူမွမတားႏိုင္ပါ။
ေနာက္ေက်ာကိုသာျမင္ရေပမဲ့ သူ႔ရဲ႕အခ်ိဳးအစားက အမိုက္စားျဖစ္သည္။ သူ႔ရဲ႕ ေနာက္ေက်ာပုံသဏၭာန္ကပင္ အံ့ခ်ီးဖြယ္ျဖစ္ေနေလသည္။
ထိုအခ်ိန္တြင္ ေကာင္မေလး ၂ ေယာက္ ၃ ေယာက္က သူတို႔နားမွျဖတ္သြားသည္။ တစ္ေယာက္က လက္ဗလာႏွင့္ျဖစ္ၿပီး ရွီရီ႕ေဘးတြင္ ဝင္ထိုင္လိုက္သည္။
သူတို႔က ေပ်ာ္စရာေတာ့ေတြ႕ရၿပီထင္ၿပီး ေစာင့္ၾကည့္ေနေပမဲ့ ထိုစားပြဲရွိေလထုမွာေတာ့ အလြန္ဟန္ခ်က္ညီေနသည္။
ရွီရီႏွင့္ သူ႔မ်က္ႏွာခ်င္းဆိုင္ရွိေကာင္မေလးတို႔ရဲ႕ ေန႔လယ္စာဘူးမ်ားက အေရာင္သာကြဲၿပီး ပုံစံတူၾကသည္။
လီေရွာက္က်ိဳက အလုတ္ႀကီးႀကီးစားကာ သူ႔ရဲ႕ေန႔လယ္စာကို ျမန္ျမန္ အၿပီးသတ္လိုက္သည္။
ယြီက်ီရီက တစ္ရႈးထုတ္ကာ အားလုံးကိုေဝေပးလိုက္သည္။
ေခ်ာင္လဲ့က်ီက ေနာက္လိုက္၏။ “ငါတို႔ရီရီဆီက တစ္ရႈးေတြသုံးလိုက္ေပမဲ့ ျပန္ေပးရမွာမလား။”
လီေရွာက္က်ိဳက ပါးစပ္သုတ္လိုက္ၿပီး “ငါတို႔ရဲ႕ညီမရီရီက ၾကင္နာတတ္တဲ့ႏွလုံးသားရွိတယ္။ နင့္လိုမ်ိဳး ကပ္ေစးမနည္းတတ္ဘူး။”
ေအးစက္စက္ အၾကည့္စူးစူးတို႔ သူ႔ထံက်ေရာက္လာသည္။
“ဘယ္သူက မင္းညီမလဲ။” ရွီရီက ရက္စက္သည့္ပုံႏွင့္ၾကည့္လိုက္သည္။
လီေရွာက္က်ိဳက ခ်က္ခ်င္း လက္ေျမႇာက္ကာ အရႈံးေပးလိုက္သည္။ “ေကာင္းၿပီ။ ေကာင္းၿပီ။ ညီကိုေရ။ ငါမွားေျပာမိတာပါ။ ဒါက ငါတို႔အခန္းထဲက ယြီက်ီရီပါ။”
သူက စေနာက္ေန႐ုံသာျဖစ္ၿပီး ရွီရီႏွင့္ စကားမမ်ားခ်င္ပါ။ သူက အၿမဲတမ္း အတန္းေခါင္းေဆာင္ဆီမွ အိမ္စာကူးေနရသည္ေလ။
ေကာင္မေလး ၃ ေယာက္က ျဖည္းျဖည္းခ်င္းစားေနၾကၿပီး ရွီရီကလည္း စိတ္ရွည္ရွည္ႏွင့္ေစာင့္ေပးေနသည္။ ထြက္သြားဖို႔ စိတ္ကူးရွိပုံမရပါ။
ဒါကိုျမင္ေတာ့ လီေရွာက္က်ိဳလည္း ေအးေအးေဆးေဆးျပန္ထိုင္ကာ ဖုန္းသုံးေနလိုက္သည္။
အဖြဲ႕ထဲမွတစ္ေယာက္က link တစ္ခုပို႔လာၿပီး သူလည္း ဖြင့္ၾကည့္လိုက္မိသည္။ ဗီဒီယိုဂိမ္းၿမိဳ႕ေတာ္ရဲ႕ ႏွစ္ပတ္လည္အစီစဥ္ျဖစ္ၿပီး ဂိမ္းကြိဳင္တို႔ႏွင့္ တစ္ခုဝယ္တစ္ခုလက္ေဆာင္ ပ႐ိုမိုးရွင္းခ်ေနသည္။
လီေရွာက္က်ိဳက သာမန္ကာလွ်ံကာေမးလိုက္သည္။ “ရီေကာ။ ပိတ္ရက္က် အစီစဥ္ရွိလား။”
ဒါက တကယ္ကို သာမန္ေမးလိုက္တာျဖစ္သည္။ အရင္ကဆိုလွ်င္ ရွီရီက သူတို႔ႏွင့္ အျပင္ထြက္ကစားဖို႔ကို ျငင္းေနက်ျဖစ္သည္။
ဒီတစ္ခါေတာ့ မေမွ်ာ္လင့္စြာဘဲ ရွီရီက ျပန္ေမးလာသည္။ “ဘယ္မွာဆုံၾကမလို႔လဲ။”
ဒါကိုၾကားေတာ့ လီေရွာက္က်ိဳက စိတ္လႈပ္ရွားသြားၿပီး ဖုန္းထဲမွ စာမ်က္ႏွာတစ္ခုကို အျမန္ဖြင့္ျပလိုက္သည္။ “ငါ ဒီဗီဒီယိုဂိမ္းၿမိဳ႕ေတာ္ကိုေရာက္ဖူးတယ္ ။ စိတ္ဝင္စားစရာေတြ အမ်ားႀကီးပဲ။”
“ဗီဒီယိုဂိမ္းၿမိဳ႕ေတာ္လား။”
သူက ခပ္တိုးတိုးဖတ္ၾကည့္လိုက္သည္။ ပြဲမိတ္ဆက္ကို တစ္ခ်က္ၾကည့္ကာဖတ္လိုက္သည္။ ထို႔ေနာက္ စားပြဲေပၚသို႔ လက္ေခ်ာင္းမ်ားႏွင့္ ၂ ႀကိမ္ ေခါက္လိုက္သည္။
သူ႔အၾကည့္မ်ားက သူႏွင့္မ်က္ႏွာခ်င္းဆိုင္ရွိ သည္းႀကီးမည္းႀကီးစားေနသည့္ ေကာင္မေလးထံ က်ေရာက္သြားသည္။ သူက ခဏရပ္ကာ ေတြးေနခဲ့သည္။
ရွီရီက ႏွစ္ခမ္းလႊာတို႔ကို ခပ္ပါးပါးဖိကာ ႏႈတ္ခမ္းေထာင့္စြန္းတို႔ကို မဆိုသေလာက္ပင့္လိုက္ၿပီးေနာက္ ေျပာလိုက္သည္။ “ေကာင္းၿပီ။ ခ်ိန္းၾကတာေပါ့။”
*****
Aurora Novel Translation Team