Chapter 23.2
ပိတ်ရက်တွင်ကျင်းပသည့် ဗီဒီယိုဂိမ်းမြို့တော်က သက်ဝင်လှုပ်ရှားလွန်းသည်။ လူတိုင်းက ဖျော်ဖြေရေးစက်တိုင်းရဲ့ရှေ့မှာ မတ်တတ်ရပ်စောင့်နေကြသည်။
တချို့က လေ့လာရုံဖြစ်ပြီး တချို့ကတော့ ရပ်ကြည့်နေကြလေသည်။
လီရှောက်ကျိုက အရင်ဆုံး ဂိမ်းကွိုင် ၁၀၀ လဲလိုက်သည်။
ပွဲတော်ရက်ဖြစ်တာကြောင့် ဆိုင်က သူ့ကို ဂိမ်းကွိုင် ၂၀၀ လဲပေးလိုက်သည်။
ကျန်းမေ့အာက သူ့ကို လက်မထောင်ပြလိုက်သည်။ “မြို့ပြမိစ္ဆာကတော့ ရောက်တာနဲ့ အများကြီးဝယ်တော့တာပဲ။”
လီရှောက်ကျိုက ပြုံးရင်း ခေါင်းခါလိုက်သည်။
သူက လက်ထဲမှ ဂိမ်းကွိုင်တချို့ကို ကျန်းမေ့အာထံပေးလိုက်သည်။ ခြင်းတောင်းထဲမှကွိုင်တို့ကတော့ သူကိုင်တွယ်ရန်ဖြစ်သည်။
ရှီရီက ယွီကျီရီ့နောက်မှနေ၍ ဖြည်းဖြည်းချင်းလျှောက်လာခဲ့သည်။ ထို့နောက် သူက ကောင်တာရှေ့တွင်ရပ်ကာ တည်တည်ငြိမ်ငြိမ်နှင့် ၁၀ ယွမ်ထုတ်လိုက်သည်။ နောက်ဆုံးတော့ ကွိုင် ၂၀ ရခဲ့သည်ပင်။
လီရှောက်ကျိုက ခြင်းတောင်းထဲမှကွိုင်အချို့ကို သနားသဖြင့်ထုတ်လိုက်ကာ အကြံပေးလိုက်သည်။ “ရီကော။ တစ်ခါဝယ်ရင် အများကြီးဝယ်ဟ။ ၂၀ က မလောက်ဘူးနော်။”
“လောက်တယ်။” သူက ဂိမ်းကွိုင်များပါသည့်ခြင်းကိုယူလိုက်သည်။ ၎င်းတို့ကို သူ့ဘေးမှကောင်မလေးအတွက် သိမ်းထားမည်ပင်။ ထို့နောက်သူက သူ(မ)လက်ကိုဆွဲကာ ကွိုင်ကျသည့်စက်ဆီသို့ တန်းတန်းမတ်မတ်ခေါ်သွားခဲ့သည်။
[ t/n : ကွိုင်ကျတဲ့စက်က အကြွေစေ့ထည့်လိုက်ရင် စက်ထဲက အကြွေစေ့တွေနဲ့တခြားပစ္စည်းတွေကို တွန်းထုတ်တဲ့စက်ပါ။ ကစားဖူးကြမယ်ထင်ပါတယ်။ ]
လီရှောက်ကျိုနှင့် ကျန်းမေ့အာတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နောက်သို့ သင်္ကာမကင်းစွာ လိုက်ခဲ့ကြသည်။ သူတို့က ရှီရီတို့နှစ်ယောက်သား ဘာတွေလုပ်နေမည်လဲလို့ သိချင်နေကြသည်။
ရှီရီက ကွိုင်ကျသည့်စက်နားသွားပြီး ခဏလောက်လေ့လာနေသည်။ သင့်တော်သည့်နေရာကိုတွေ့သွားတော့ အချိန်ကို ချိန်ညှိကာ စက်ထဲသို့ ကွိုင်ကိုထည့်လိုက်သည်။ ကွိုင်ကျသည့်စက်က အနည်းငယ်လှုပ်သွားပေမဲ့ မည်သည့်ပစ္စည်းမှကျမလာပါ။
ရှီရီက ထပ်မံပြီး ရင်းနှီးလိုက်ပြန်သည်။ ရုတ်တရက် စက်ထဲမှ ကွိုင်များကျသံကြားလိုက်ရသည်။ ကွိုင်စက်ထဲမှ လက်နှင့်အပြည့်ကွိုင်များကို ထုတ်ယူလိုက်သည်။
ယွီကျီရီက ကွိုင်များအားလုံးကို ခြင်းထဲသို့ မြောက်ကြွမြောက်ကြွနှင့်ထည့်ကာ “ကြည့်လိုက်ကြစမ်း။”
“…”
လီရှောက်ကျိုတစ်ယောက် သူ့ဉာဏ်ရည်ကို လှောင်ပြောင်ခံရသလို ခံစားလိုက်ရသည်။
ကျန်းမေ့အာက အားကစားသမားဖြစ်လို့ ဘတ်စကတ်ဘောကောင်းကောင်းကစားတတ်ပြီး ဝါသနာရှင်ကောင်လေးများကို ရူးသွပ်သွားစေသည်။
ယွီကျီရီလည်း ဂိမ်းကစားရာတွင်တော်သည်။သူ(မ)က ပါဝါဂိမ်းများကို သဘောကျပြီး အကစက်ရှေ့တွင် နှစ်ပွဲလောက်နွှဲလိုက်သည်။
သံစဉ်က ပို၍ ပိုကာ မြန်လာပြီး နှစ်ပွဲလောက်ဆော့ပြီးနောက် ယွီကျီရီ့တစ်ကိုယ်လုံးတွင် ချွေးရွှဲနေပြီဖြစ်သည်။
ဒီလိုဂိမ်းမျိုးက အာရုံစိုက်ရပြီး လက်ဟန်လည်း မြန်ရကာ စိတ်လှုပ်ရှားမှုအပြည့်ရနိုင်သည်။
“နည်းနည်းပူတယ်နော်။”
သူ(မ)က လက်မြှောက်ကာ နဖူးမှချွေးကို သုတ်ရန်ပြင်လိုက်သည်။
ရှီရီက သူ့(မ)အိတ်ထဲမှ တစ်ရှုးတို့ကိုထုတ်ကာ သူ(မ)ကို ဘေးတစ်ဖက်တွင် ထိုင်စေလိုက်သည်။ “ခဏနားဦး။”
လီရှောက်ကျိုနှင့် ကျန်းမေ့အာတို့က နှစ်ယောက်လုံးစိတ်ဝင်စားသည့် ကစားနည်းကို တွေ့ခဲ့ကြပြီး အချိန်ကောင်းလေးများရခဲ့ကြသည်။
အချိန်အတန်ကြာတော့ လီရှောက်ကျိုက ရှီရီတို့ထံရောက်လာပြီး နွေးထွေးစွာ ဖိတ်ခေါ်လိုက်သည်။ “နင်တို့ ထပ်ပြီး မကစားတော့ဘူးလား။ ဘာလို့ ဒီမှာထိုင်နေကြတာလဲ။ ထ။ ကစားကြရအောင်ပါ။”
ရှီရီမငြင်းနိုင်ခင်မှာ ယွီကျီရီက အမြန်ဖြေလိုက်သည်။ “ကော။ သူတို့နဲ့ ခဏလောက် သွားကစားလိုက်ပါ။ ငါ ဒီနားကစောင့်မယ်။”
ရှီရီက မလှုပ်ပေ။ “မလိုပါဘူး။”
“သွားပါ။ မဟုတ်ရင် ငါ့ကြောင့် နင်မဆော့လိုက်ရဘူးလို့ ခံစားနေရမှာ။”
သူ(မ)က သူငယ်ချင်းများနှင့် မကစားနိုင်ရုံသာမက ရှီရီ့ကိုပါ ဆွဲထားမိသလိုခံစားရမည်ဖြစ်သည်။
သူက ကောင်မလေးရဲ့ စိတ်ရင်းစေတနာတို့ကိုမြင်တော့ သူ(မ)ရဲ့ခေါင်းလေးကိုထိကာ ပြောလိုက်သည်။ “ဒါဆိုလည်း လျှောက်မသွားနဲ့နော်။”
“ငါသိပါတယ်။ ငါ ကလေးမဟုတ်ပါဘူး။” သူ(မ)က ဂိမ်းမြို့တော်ထဲတွင်တော့ ပျောက်မသွားနိုင်ပါ။
ဒီနေရာက နားနေရန်နေရာဖြစ်လို့ ဒီနားမှာနေရန် အသင့်တော်ဆုံးဖြစ်သည်။
လီရှောက်ကျိုနှင့် ရှီရီတို့က ကစားရန် ထွက်သွားကြသည်။ သို့ပေမဲ့ ဂိမ်းကွိုင်အားလုံးက ယွီကျီရီ့ဆီမှာကျန်ခဲ့သည်။
သူ(မ)ခဏနားပြီးတော့ အကစက်ရှေ့ရှိခုံတွင် လူမရှိတော့သည်ကိုမြင်ပြီး မနေနိုင်ဘဲ ကွိုင်ထည့်ကာ ဆော့မိသည်။
ဒီလိုစက်မျိုးက ၂ ခါလောက်ဆော့မိသည်နှင့် စွဲလမ်းစေသည်။
သီချင်းသံစခါနီးတွင် ကောင်လေးတစ်ယောက်က သူ(မ)နောက်တွင် ဝင်ရပ်လိုက်သည်။
ယွီကျီရီ တစ်ချက်လှည့်ကြည့်မိတော့ ထိုကောင်လေးက သူ့အာရုံအားလုံးကို ဂိမ်းစက်တွင်မြှုပ်နှံထားသည်ကို တွေ့လိုက်ရသည်။
သံစဉ်က ဆက်တိုက်ဆိုသလို မြင့်တက်နေပြီး သူ(မ)ဘေးရှိကောင်လေးက ဒီစက်နှင့်မစိမ်းမှန်း ကြည့်ရုံနှင့်သိနိုင်သည်။ သူ(မ)တို့လက်တွေက မမြင်နိုင်လောက်အောင် မြန်မြန်လှုပ်ရှားနေခဲ့သည်။
နောက်ဆုံးမှာ ယွီကျီရီရှုံးသွားသည်။ သို့ပေမဲ့ သူ(မ)ဘေးရှိကောင်လေးကတော့ မရပ်သေးပေ။
“ဝိုး….။” သူ(မ)က အသံတိုးတိုးနှင့် အော်လိုက်မိသည်။ သူ(မ)က ကောင်လေးရဲ့ ဂိမ်းစက်ဖန်သားပြင်ပေါ် နှိပ်လိုက်သည့်လက်ကိုကြည့်နေခဲ့သည်။ သံစဉ်က ပိုပို၍ မြန်လာပြီး သူ(မ)လည်း စိတ်လှုပ်ရှားလာခဲ့သည်။
ဒါကိုကြည့်ရတာက သူ(မ)ကိုယ်တိုင် ဝင်ကစားနေရသလိုပင်။
ဒါက ပထမအဆင့်သာရှိသေးကြောင်းမသိခဲ့ပေ။ နောက်ဆုံးတော့ ကောင်လေးက အမှားလုပ်မိပြီး စံသတ်မှတ်ချက်ကိုမရောက်တာကြောင့် ဂိမ်းလည်းပြီးဆုံးသွားခဲ့သည်။
သို့ပေမဲ့ ဒီလယ်ဗယ်ကပင် ယွီကျီရီ့ကို အံ့ဩစေရန်လုံလောက်သည်။
ကောင်လေးက သူ(မ)ရဲ့အကြည့်ကို သတိထားမိသွားပြီး သူ(မ)ကို လှည့်ကြည့်ကာ မေးလိုက်သည်။ “ဘာတွေ ကြည့်နေတာလဲ။”
သူ(မ)က ချီးကျူးလိုက်သည်။ “နင့်ရဲ့ လက်လှုပ်ရှားနှုန်းက အရမ်းမြန်တာပဲ။ အားအပြည့်ပဲ။”
“နင်လည်း နည်းနည်းလောက်ထပ်ကစားရင် လုပ်နိုင်မှာပါ။”
“ဟီးဟီး..။” သူ(မ)လည်း အရှိန်မြန်အောင် လေ့ကျင့်လျှင်ရမှန်းသိပါသည်။
ယွီကျီရီက သူ(မ)ကိုယ်သူ(မ) ဆရာကြီးတစ်ပါးရှေ့တွင် အရှက်ရစေဖို့ ရည်ရွယ်ချက်မရှိပါ။ သိုပေမဲ့ သူ(မ)ကို တစ်ဖက်က အရင်ဖိတ်လိမ့်မည်လို့ မထင်ခဲ့မိပေ။ “နောက်တစ်နောက်လောက် ကစားချင်လား။”
အကစက်က တကယ်ကိုကောင်းပြီး သူ(မ)လက်ခံတော့မည့်အချိန်မှာ ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသည်။
“ရီရီ။”
“ကောကော။”
ယွီကျီရီက နောက်လှည့်လိုက်ကာ ကရန်နေရာမှ ခုန်ဆင်းလိုက်သည်။ ထို့နောက် ရှီရီ့ကိုမေးလိုက်သည်။ “ကောကော။ ဘာလို့ အစောကြီးပြန်လာတာလဲ။ငါ့ကို စိုးရိမ်စရာမလိုပါဘူး။”
ရှီရီက သူ(မ)လက်ထဲရှိ ကွိုင်ခြင်းတောင်းလေးကိုယူကာ “သွားစို့။ ကောကောက နင့်ကို ပျော်ဖို့ကောင်းတဲ့ကစားနည်းတွေဆော့ဖို့ ခေါ်သွားပေးမယ်။”
“ကောင်းပါပြီ။” သူ(မ) လိုက်သွားခါနီးမှာ တစ်ခုခုကိုသတိရသွားသည်။ သူ(မ)က ရှီရီရောက်လာတာကြောင့် လက်အမြန်နှုန်း ဆရာကြီးကို မေ့သွားခဲ့သည်။
“အားနာပါတယ်။ ငါ နင်နဲ့ ဆက်မဆော့နိုင်တော့ဘူး။ ကျေးဇူးပါ။”
သူ(မ)က ရိုးရိုးသားသား ပြောလိုက်ပြီး ရှီရီ့လက်ကိုဆွဲကာ နောက်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။
အတော်ဝေးဝေးကိုရောက်တော့ ရှီရီက သူ(မ)ကို မေးလိုက်သည်။ “ခုနကလူကို နင်သိလား။”
ယွီကျီရီက ခေါင်းခါကာ “မသိဘူးလေ။”
သူက ကောင်မလေးရဲ့လက်ဖဝါးကို ကုတ်လိုက်ပြီး “ငါတို့ရဲ့ အံ့ဖွယ်ရီရီက အခုဆို သူ့ကောကောရှေ့မှာပဲ ကောင်လေးတစ်ယောက်ကို မြှောက်ပင့်တတ်နေပြီပေါ့။”
သူ(မ)က ယားယံလာတာကြောင့် ပုန်းချင်ပေမဲ့ မလွတ်နိုင်ဘဲ ရှီရီရဲ့ ခပ်တင်းတင်း ဆွဲထားခြင်းကိုခံနေရသည်။
“ကောကော။ နင်က စိတ်ရှုပ်စရာပဲ။”
“နင်ကတော့ အံ့ဩစရာပဲ။ နင်က ကောကောကိုတောင် သဘောမကျဖြစ်တတ်လာပြီလား။”
“အား ! ငါ အဲ့ဒီလို မရည်ရွယ်ပါဘူးလို့။”
ဒါက သိသိသာသာကိုပဲ ကောင်မလေးရဲ့ အထိမခံနိုင်တဲ့နေရာကို တမင်တကာ ကလိထိုးစနောက်နေတာဖြစ်သည်။
ဘယ်လိုလုပ် နောက်ဆုံးမှာ သူ(မ)အမှားဖြစ်သွားရသည်လဲ။
နောက်တော့ ရှီရီက ဂိမ်းခလုတ်ကို ရီရီ့ထံပေးကာ သူ(မ)ကို ဆော့စေချင်နေသည်။ သူ(မ)ရှေ့တွင် အောင်နိုင်သူပုံစံနှင့်ရပ်ကာ ခုနကမေးခွန်းကိုပဲ ထပ်မေးလိုက်သည်။ “ကောကောက ကောင်းရဲ့လား။”
“အရမ်းပေါ့။”
“နင်လည်းပဲ အံ့ဩဖို့ကောင်းတယ် ရီရီ။ နင်က ကောကောနဲ့ ဘယ်လိုညှိရမလဲတောင်သိနေပြီ။”
“အား…။ ငါ့ကောကောက စွမ်းအားအကြီးဆုံး။ ငါ့ကောကောက ပြိုင်စံရှားပဲ။”
သူ(မ)က ရှီရီ့ရဲ့ ‘နင်လည်း အံ့ဩဖို့ကောင်းပါတယ်’ ဆိုသည့်စကားကို ကြောက်လန့်နေခဲ့ပြီဖြစ်သည်။
ရှီရီလို အမြဲတစေ တည်ငြိမ်သူက ရုတ်တရက်ကြီး ဘယ်လိုကြောင့် ကလေးဆန်လာရသည်လဲ။ သူ(မ)က ချော့မြှူနေဖို့လိုလို့လား။
နောက်ဆုံးတော့ ရှီရီက သူ(မ)ကိုလွှတ်ပေးခဲ့သည်။ ထို့နောက် မေးခွန်းတွေကိုလည်း ဆက်မမေးတော့ပေ။ “သူကရော တော်လား မတော်ဘူးလား။”
ရှီရီပုံမှန်ပြန်ဖြစ်သွားတာကိုမြင်တော့မှ ယွီကျီရီလည်း သက်ပြင်းချနိုင်တော့သည်။
ကြည့်ရသည်မှာ နောက်နောင် ရှီရီ့ရှေ့တွင် တခြားသူတွေကို ချီးကျူးလို့မရတော့လောက်ပေ။ မဟုတ်ပါက သူကြားချင်တာကို ရအောင်ပြောခိုင်းနေတော့မည်။
သို့ပေမဲ့ လယ်ဗယ်မြင့်ကစားသမား ရှီရီရှိတာကြောင့် လီရှောက်ကျိုနှင့် ကျန်းမေ့အာက အချိန်ကောင်းလေးတွေပိုင်ဆိုင်နေရပြီး ဂိမ်းဆိုင်ထဲမှမထွက်ချင်ကြပေ။
သို့ပေမဲ့ နေ့လယ်ခင်းရောက်တော့ သူတို့အားလုံး ဗိုက်ဆာလာတာကြောင့် ကစားတာကိုရပ်ပြီး စားရန် နေရာရှာခဲ့ကြသည်။
လီရှောက်ကျိုနှင့် ကျန်းမေ့အာတို့က စိတ်အားထက်သန်စွာ ဆွေးနွေးနေခဲ့ကြသည်။ “ငါ့ရဲ့ ခုနက နည်းလမ်းကို နင်မြင်လိုက်ရဲ့လား။ ငါက အံ့ဩစရာပဲမလား။”
ကျန်းမေ့အာက ထောက်ခံရန် ငြင်းဆိုလိုက်သည်။ “တော်စမ်းပါ။ နင် ကံကောင်းသွားရုံပါ။ ခဏနေ ငါနဲ့ ထပ်ပြိုင်ကြမလား။”
“ပြိုင်ဆိုလည်း ပြိုင်တာပေါ့။ ဘယ်သူက ကြောက်နေလို့လဲ။”
ဒါကိုကြားတော့ ယွီကျီရီက ရှီရီ့နားကပ်ကာ အသံတိုးတိုးနှင့် မေးလိုက်သည်။ “ဆိုတော့ နင်တို့ ကောင်လေးတွေက တက်ကြွဖို့ မြှောက်ပင့်ပေးရတယ်ပေါ့။”
ရှီရီက လက်တစ်ဖက်နှင့်မေးထောက်ထားရင်း ရီရီ့ဘက်မျက်နှာမူပြီး တောက်တောက်ပပပြုံးကာ ” နင် တခြားသူတွေကို မြှောက်ပင့်ရဲရင် လုပ်လိုက်လေ။”
ယွီကျီရီက ပါးစပ်ပိတ်လိုက်ပြီး ဘာကိုမှ ထပ်မပြောရဲတော့ပေ။
ဒီလိုကောကောမျိုးက ကြောက်ဖို့ကောင်းသည်လေ။ စားစရာများရောက်လာသည့်အခါ သူငယ်ချင်းတစ်အုပ်က တောင့်မခံနိုင်ကြတော့ပေ။
လီရှောက်ကျိုက အစာစားလျှင်အမြန်ဆုံးဖြစ်ပြီး သူအရင်ဆုံး စားလို့ပြီးသွားသည်။
သူက ဖုန်းထုတ်ကာ ခဏလောက်ကစားနေလိုက်သည်။ သူက ရှီရီ ပန်းကန်လုံးနှင့်တူတွေကို ချလိုက်တာမြင်ပေမဲ့ ယွီကျီရီ့ပန်းကန်ထဲတွင် ထမင်းတစ်ဝက်လောက်ကျန်သေးတာကိုမြင်တော့ စောင့်ရဦးမည်မှန်းသိလိုက်သည်။
လီရှောက်ကျိုက အလျင်လိုမနေပါ။ သူက ဖုန်းကိုမြှောက်ကာ “ရီကော။ ဂိမ်းကစားကြမလား။”
“ကောင်းပြီလေ။” ရှီရီက ဖုန်းမကိုင်တာ အတော်ကြာပြီဖြစ်သည်။ ဒီနေ့တော့ စိတ်ပါဝင်စားတာကြောင့် လီရှောက်ကျိုကို အဖော်ပြုပေးရန် ဆုံးဖြတ်လိုက်သည်။
နှစ်ယောက်သားက ဂိမ်းထဲဝင်ပြီး pk ဆော့ရန် အဖွဲ့ဖွဲ့လိုက်သည်။
[ t/n : pk – player killing က ဂိမ်းနာမည်မဟုတ်ပါဘူး။ လူအများကြီးဆော့ရတဲ့ဂိမ်းတွေမှာ ကိုယ့်အသင်းက တစ်ဖက်အသင်းသားတွေကို သတ်ရတာမျိုးပါ။ ml တို့ pubg တို့ဆော့ဖူးရင် သိမှာပါ ]
ဂိမ်းစသည်နှင့် လီရှောက်ကျိုက ကျန်အသင်းဖော်တွေက သာမန် လယ်ဗယ်သာရှိမှန်းသိလိုက်တာကြောင့် ရှေ့တက်ကစားရန်ပြင်လိုက်သည်။
ရှီရီက ဂိမ်းကစားရင်းကြီးပြင်းလာတာဖြစ်သည်။ သူ ဂိမ်းမကစားတာ ကြာနေပြီဖြစ်လျှင်တောင် သူဂိမ်းထဲဝင်လိုက်တာနှင့် ရင်းနှီးနေသည့်ခံစားချက်တို့ကို ပြန်ရလိုက်သည်။
သူက လီရှောက်ကျိုနှင့် လိုက်ဖက်ညီစွာပူးပေါင်းခဲ့ပြီး အမှတ်များစွာရရှိခဲ့သည်။
လီရှောက်ကျိုက အနိုင်ရလေလေ စိတ်လှုပ်ရှာလေလေဖြစ်ပြီး တိုက်ပွဲ ပို၍ပြင်းထန်လာသည်ကို ခံစားမိလိုက်သည်။ သူ တက် rush တော့မည့်အချိန်တွင် ရှီရီလိုက်မလာတာကို တွေ့လိုက်ရသည်။
[ t/n : တက် rush တယ်ဆိုတာ ရန်သူတိုက်တာကိုစောင့်မနေဘဲ ကိုယ်ကအရင် ဝင်တိုက်တာပါ။ အဲ့လို rush တဲ့အခါ နောက်ကနေ အသင်းဖော်တစ်ယောက် back up လိုက် / နောက်က အရံလိုက်ပေးရပါတယ်။ ]
လီရှောက်ကျိုက ခေါင်းမော့မကြည့်ဘဲ လောဆော်လိုက်သည်။ “ရီကော။ နောက်ကလိုက်ခဲ့ဟ။”
“ခဏစောင့်။” ရှီရီက အေးအေးလူလူ ပြန်ပြောလိုက်သည်။
လီရှောက်ကျိုက အခုမှ ခေါင်းမော့ကြည့်မိသည်။ ထိုအခါ တွေ့လိုက်ရတာက ရှီရီက သူ့ဖုန်းကို စားပွဲပေါ်တင်ထားပြီး ယွီကျီရီ့ကို ဆံပင်စည်းပေးနေသည်။
ဒါ လူတွေ လုပ်တဲ့အရာလား။
ရှီရီက ဖုန်းကို ပြန်ကောက်ပြီး ရန်သူ့နယ်မြေသို့ လီရှောက်ကျိုနှင့်ဘေးချင်းယှဉ်ကာ ဝင်ခဲ့တော့သည်။
လီရှောက်ကျိုက တစ်ဖန် စိတ်ကျေနပ်သွားပြီး ခုနလေးတင် သူ့ကို တစ်ယောက်တည်းထားခဲ့တာကြောင့် ဝမ်းနည်းနေခဲ့သည်ကို မေ့သွားတော့သည်။
“ပြိုင်ဘက်တွေက အသစ်လေးတွေဟ။ သေလိုက်ကြတော့။” လီရှောက်ကျိုက အာလုံး အဆင်ပြေနေသည်လို့ ခံစားနေရသည်။
လီရှောက်ကျိုက ရန်သူတွေကို လိုက်လံသတ်ဖြတ်နေတုန်းမှာ ဓားဝယ်ရန် သွေးတစ်စက်ကျန်သေးသည်ကို တွေ့လိုက်ရသည်။ သို့ပေမဲ့ ရှီရီ့ဂိမ်းဇာတ်ကောင်က တစ်ဖန် ရပ်သွားပြန်သည်။
လီရှောက်ကျို ကြည့်လိုက်တော့ သူ့အသင်းဖော်ကြီးက လက်တစ်ဖက်တွင် ပန်းကန်လုံးကိုင်ထားပြီး နောက်တစ်ဖက်တွင်ဇွန်းကိုင်ကာ သူ့ဘေးမှကောင်မလေးကို စွပ်ပြုတ်တိုက်နေလေသည်။
ပြီးနောက်သူက လီရှောက်ကျိုကို ပြောလိုက်သေးသည်။ “စွပ်ပြုတ်သောက်ဦး။”
သူက တကယ်ကိုပဲ လူတွေကို တတ်နိုင်သမျှနည်းလမ်းနှင့် ဂရုစိုက်သည်လား။
လီရှောက်ကျို : !!!
ဆိုရလျှင် အရင်က ဂိမ်းထဲတွင် ရပ်သွားကြသည့်ကစားဖော်တွေကရော ဒါမျိုးတွေ လုပ်နေခဲ့သည်လား။
ကံကောင်း၍ နောက်ဆုံးမှာ မနှောင့်နှေးစေဘဲ အနိုင်ရခဲ့ကြသည်။
လီရှောက်ကျိုက မနေနိုင်ဘဲ ပြောလိုက်သည်။ “ရီကော ဂိမ်းကိုပဲ အာရုံစိုက်ထားလို့ရမလား။”
” ဆံပင်စည်းတာ စွပ်ပြုတ်သောက်တာကို သူ့ဘာသာသူလုပ်တတ်ပါတယ်ဟ။”
“သူ့ဘာသာသူလုပ်တတ်ရင် သူ(မ)က ငါ့ကို ဘယ်လိုလုပ်လိုတော့မှာလဲ။”
လီရှောက်ကျို : ???
အခုတော့ လီရှောက်ကျိုမှာ မေးခွန်းတွေပြည့်နေခဲ့ပြီ။
ဒီတွေးခေါ်ပုံက နည်းနည်းလေး ပြဿနာရှိမနေဘူးလား။
“မင်း…မင်းညီမကို ဂရုစိုက်ပေးနေတာလား။ ကျန်းရှောက်ဝမ်တောင် သူ့ကောင်မလေးကို ဒီလိုတွေ မလုပ်ပေးဘူး။”
ကျန်းရှောက်ဝမ်ဆိုသည်မှာ သူတို့အတန်းထဲမှ ဆယ်ကျောက်သက်အချစ်ရေးတွင် နစ်မွန်းနေသူတစ်ယောက်ဖြစ်သည်။
လီရှောက်ကျိုက သာမန်အတိုင်းပြောခဲ့တာဖြစ်ပေမဲ့ ရှီရီက ပြန်ဖြေလိုက်သည်။ “မမှန်ဘူး။”
“ဘာကလဲ။”
ကျန်းမေ့အာနှင့် ယွီကျီရီတို့လည်း ခေါင်းမော့လာကာ သူ့အဖြေကိုစောင့်နေကြသည်။
~~~~~
စာရေးသူမှာ ပြောစရာရှိပါတယ် :
ရှီရီ : ရီရီရေ။ နင်ကတော့ အံ့ဖွယ်ပဲ။တခြားသူတွေကိုတောင် မြှောက်ပင့်ရဲနေပြီပေါ့။
*****
Aurora Novel Translation Team